News

POST TAGGED AS

နိုင်ငံတော်သမ္မတ

ယခုနှစ်(၂၀၁၇-၂၀၁၈) ပြည်ထောင်စု အစိုးရ၏လိုငွေစာရင်းကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူလိုကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။
ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ ဆွေးနွေး အဖြေရှာရန် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုပါတီများသည် နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြထားပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း မရှိကြောင်း အဆိုပါ နိုင်ငံရေးပါတီများထံမှ သိရသည်။
မည်သူမဆို ကိုယ့်ခေါင်းဆောင်ကို ပို၍အထင်ကြီး အလေးထားကြသည်၊ ပို၍ တန်ဖိုးထားကြသည်။ ထို့ကြောင့် ကိုယ့်ခေါင်းဆောင်ကို ကိုယ်က ချီးမွမ်းပြောဆိုရင်း၊ အမွှမ်းတင်ရင်း အခြားအဖွဲ့အစည်းမှ ခေါင်းဆောင်ကို နှိမ့်ချသလိုမျိုး ဖြစ်သွားနိုင်ပါသည်။ ထိုအခါ အခြားအဖွဲ့အစည်းကလည်း သူတို့ခေါင်းဆောင်ကို ထိုကဲ့သို့ ပြောဆိုရပါ့မလားဟုဆိုကာ အပြန်အလှန် ပြောဆိုကြခြင်းဖြင့် အဖွဲ့အစည်း အချင်းချင်းအကြား မုန်းတီးမှုများ ဖြစ်ပွားလာနိုင်ပါသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ ၂၃ ရက်တွင် ယင်းကော်မရှင်အဖွဲ့ဝင်များက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းကျ ကျောင်းသားများအနေနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ရန် ကြိုးစားပါက လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အလမ်း ရရှိနိုင်မည်ဟု အားပေးထားကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ ငါးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံသို့ လာမည့် ဧပြီလအတွင်း သွားရောက်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ယနေ့ (ဇန်နဝါရီလ ၂၇) နေ့လယ်ပိုင်းက ကျောက်ဆည်မြို့ ရှင်ပင်တမုတ်ရွှေဂူကြီး ဘုရားသို့ လာရောက်ဖူးမြော်ခဲ့သည်။ ယင်းသို့ လာရောက်စဉ် ပလိပ်ပန်ဒါ ချည်မျှင်စက်ရုံတွင် ထိုင်သပိတ် ဆန္ဒပြနေသည့် အလုပ်သမားခေါင်းဆောင် အချို့က အလုပ်သမားများအရေး ကူညီဖြေရှင်းပေးရန် လာရောက်တောင်းဆိုခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခံရမှုများ အပေါ် မမှန်မကန်သည့် သတင်းများအတွက် မှန်မှန်ကန်ကန် တုံ့ပြန်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်တို့ တွေ့ဆုံပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
နေပြည်တော်ရှိ မြန်မာကွန်ဗီးရှင်းစင်တာ (MICC2 ) တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သော ကလေးစာပေပွဲတော်သို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တက်ရောက်အဖွင့်အမှာစကား ပြောကြားရာတွင် မျက်ရည်ကျခဲ့ကြောင်း ပွဲတော်တက်ရောက်သူများက ဆိုသည်။