News

POST TAGGED AS

နိုင်ငံတော်ပုန်ကန်မှု

နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြင့် တရားစွဲခံနေရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှုတွင် သက်သေခံအဖြစ်တင်သွင်းထားသော အသံဖိုင်ကိုဖွင့်၍ စစ်တွေခရိုင် တရားရုံး၌ တိုက်ဆိုင်စစ်ဆေးရာ အမှုဖွင့် တိုင်ကြားစာနှင့် ကွဲလွဲမှုများရှိနေကြောင်း အကျိုးဆောင်ရှေ့နေများထံမှသိရသည်။
နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စစ်တွေခရိုင်တရားရုံး၌ အမှုများ တစ်ပေါင်းတည်း စစ်ဆေးခံစေရန် ဇွန်လ ၂၀ ရက်က အမိန့်ချလိုက်သည်။