News

POST TAGGED AS

ကြံ့ခိုင်ရေး

သူရဦးရွှေမန်း NLD ပါတီသို့ ကူးပြောင်းရန် တင်ပြထားခြင်း မရှိဟုဆို

ရန်ကုန်၊ ဇွန် ၂၅

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် NLD ပါတီသို့ ကူးပြောင်းလာရန် တင်ပြထားခြင်း မရှိကြောင်း NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များက အတည်ပြု ပြောဆိုသည်။

အလားတူ NLD ပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး၌ သူရဦးရွှေမန်းကို NLD ပါတီက ဗဟိုကော်မတီဝင် ခန့်အပ်ကြောင်း ကြေညာချက်တစ်ခု ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ ကြေညာချက်သည် အတုသာ ဖြစ်ကြောင်း NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က အတည်ပြု ပြောဆိုခဲ့သည်။

“သူ့ကို ကြံ့ခိုင်ရေးက ထုတ်လိုက်တယ်။ ကြံ့ခိုင်ရေးကထုတ်ပြီး ကိုယ့်ဆီ ဝင်လာတယ်ဆိုရင် သူလည်း သိက္ခာကျမယ်။ လက်ခံတဲ့ ကိုယ်တို့လည်း သိက္ခာကျမယ်”ဟု NLD ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ပြောသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ တာဝန်ကို ပူးတွဲ ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလ၌ ဦးရွှေမန်း အပါအဝင် ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၁၇ ဦးကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

J-07



FOLLOW US