News

POST TAGGED AS

ကြံ့ခိုင်ရေး

24-Jun-2017

NLD
ပြည်သူကို မောက်မာစွာ ဆက်ဆံခြင်းမပြုရန် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေး သဘာပတိ ပြောကြား

ရန်ကုန်၊ ဇွန် ၂၄

ပြည်သူများကို မောက်မာစွာ ဆက်ဆံခြင်းမပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ၏ သတ္တမ အကြိမ်မြောက် ပထမ ဗဟိုကော်မတီ အစည်းအဝေးကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ပါတီဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က တာဝန်ယူပြီး အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် လက်ရှိ ၎င်းတို့သည် ပန်းတိုင်ကို ရောက်ရှိရန် ပြည်သူနဲ့အတူ ပြောင်းလဲမှုများကို ဆောင်ရွက်နေပြီး ပြည်သူနှင့်အတူ တွေ့ဆုံရာတွင် ပါတီတာဝန်ရှိသူများနှင့် အောက်ခြေအဆင့်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များအနေနှင့် ပြည်သူကို မောက်မာစွာ ဆက်ဆံခြင်းမပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ 

“ပြည်သူနဲ့အတူ သွားနေတာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ တွေ့ဆုံတဲ့အခါ ကျွန်တော်တို့ပါတီရဲ့ အဆင့်ဆင့်သော တာဝန်ရှိသော ပုဂ္ဂိုလ်များ အပါအဝင် အောက်ခြေမှာရှိတဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များ အနေနဲ့ ပြည်သူတွေကို မောက်မာစွာ ဆက်ဆံမှုမျိုးတွေကို အင်မတန်မှ အလေးထားရမှာပါ”ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ဝန်ကြီးချုပ်များ၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင် စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပါတီရှေ့ဆက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် ပါတီတွင်း အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူများက ယုံကြည်စွာဖြင့် တာဝန်ဆက်လက် ပေးအပ်နိုင်ရန် မိမိတို့၏ မောက်မာမှုများကို ထိန်းသိမ်းသင့်ပြီး ရေရှည်လမ်းကြောင်းအတွက် အတိတ်ကို သင်ခန်းစာယူကာ ပိုမိုကောင်းမွန်သည့် အခင်းအကျင်းများကို ယခု အစည်းအဝေးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။

NLD ပါတီ၏ ၇ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ပထမနေ့ကို ခေါင်းစဉ် ၂၉ ခုဖြင့် ကျင်းပခဲ့ပြီး ဗဟို အလုပ်မှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာ အပါအဝင် ၂၁ ပင်လုံညီလာခံ အစီရင်ခံစာများ၊ စီးပွားရေး ကော်မတီ အစီရင်ခံစာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တင်သွင်းသည့် အစီရင်ခံစာများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ စာတမ်းများ ဖတ်ကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။

J-09

  • VIA


FOLLOW US