News

POST TAGGED AS

ကြိုးတံတား

17-May-2018

ကြိုးတံတား
နိုင်ငံအတွင်းရှိ ကြိုးတံတားများ၏ အရည်အသွေး ဇူလိုင်လကုန်တွင်ထုတ်ပြန်မည်
နေပြည်တော်၊ မေ ၁၆

မြောင်းမြကြိုးတံတား ပျက်စီးမှုကြောင့် တစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို ပြည်ပအကူအညီဖြင့် စစ်ဆေးတိုင်းတာနေပြီး ယင်းရလဒ်ကို ဇူလိုင်လကုန်တွင် ရရှိပြီးပါက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီးရှိ မယ်ဇလီတံတားနှင့် ဇာသပြင်တံတားတို့သည် အရည်အသွေးမကောင်းတော့သဖြင့် ဖြတ်သန်းသည့်ဝန်များကို လျှော့ချခြင်း၊ လိုင်းကားများကို လူဆင်းမောင်းနှင်ခိုင်းခြင်းများ လုပ်ဆောင်ခိုင်းထားပြီး ယင်းတံတားနှစ်စင်းကို အမြန်ဆုံး အစားထိုး ဆောက်လုပ်နိုင်ရန်စီစဉ်နေရကြောင်း ၎င်းက ဆိုသည်။

မေလ ၁၅ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် အစိုးရ နှစ်နှစ်အတွင်း လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနကိုယ်စား ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးအင်ဂျင်နီယာ ကဏ္ဍတွင် အဓိကအရေးကြီးသည့် ကဏ္ဍများကို ဂရုစိုက်လုပ်ဆောင်နေရပြီး နိုင်ငံပိုင်ဘဏ္ဍာအလွဲသုံးသည့် ကိစ္စအပါအဝင် အခြားသောကိစ္စများကို ခုံဖွဲ့စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် နှစ်နှစ်တာကာလအတွင်း ရာထူးမှ ထုတ်ပယ်ခံရသူ ၂၉ ဦး၊ ရာထူးတစ်ဆင့် လျှော့ချထားသူ ၉ ဦး၊ ရာထူးတိုးရပ်ဆိုင်းခံရသူ ၁၂ ဦးနှင့် ပြင်းထန် သတိပေးထားသူ ၄၉ ဦးရှိကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။ 

S-01



FOLLOW US