News

POST TAGGED AS

ကြိုးတံတား

မြောင်းမြတံတား ပြတ်ကျပြီးနောက် သွားလာရေးခက်ခဲသူများကို စက်လှေအခမဲ့ပြေးဆွဲပေး


မြောင်းမြ၊ ဧပြီ ၂

မြောင်းမြမြစ်ကူးကြိုးတံတား ပြတ်ကျပြီးနောက် မြောင်းမြ၊ လပွတ္တာမြို့နယ်မှ ပုသိမ်၊ ရန်ကုန်၊ အိမ်မဲမြို့များသို့ သွားလာကြမည့် ခရီးသည်များကို တိုင်းအစိုးရအစီအစဉ်ဖြင့် ဒေသအာဏာပိုင်များ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက စက်လှေများဖြင့် အခမဲ့ပြေးဆွဲပေးနေကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

ခရီးသည်များအနေနှင့် မြောင်းမြမြို့ဘက်မှလည်းကောင်း၊ မြောင်းမြမြို့တစ်ဖက်ကမ်း ကွယ်လွယ်ရွာရှိ ကူးတိုဆိပ်တို့မှ အခမဲ့စက်လှေများဖြင့်သာမက စည်ပင်လေလံအောင်ထားသူများ ပြေးဆွဲသော စက်လှေကို အခကြေးငွေဖြင့်လည်း သွားလာလျက်ရှိသည်။

စည်ပင်လေလံအောင်ထားသူများက ယခင်က မြစ်ကူးစက်လှေခ ကျပ် ၁၀၀ မှ ယခုကျပ် ၂၀၀ သို့လည်းကောင်း၊ ဆိုင်ကယ်တင်ဆောင်ခမှာ ယခင် ၅၀၀ ကျပ်မှ ၂၅၀၀ အထိ ဈေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

သက်တမ်း ၂၁ နှစ်ကျော်ရှိသော မြောင်းမြမြစ်ကူးကြိုးတံတားမှာ ဧပြီလ ၁ ရက် နံနက် ၄၅ မိနစ်က ပြတ်ကျခဲ့ပြီး ၆ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ယာဉ်မောင်းအပါအဝင် လူနှစ်ဦးမြစ်ထဲကျခဲ့ကြောင်း၊ ယနေ့အထိ ပြုတ်ကျသွားသူနှစ်ဦး၏ အလောင်းကို ကယ်ဆယ်ရေးတာဝန်ရှိသူများက ဆယ်ယူရရှိပြီးဖြစ်သည်။ 

R-11




FOLLOW US