News

POST TAGGED AS

ကြိုးတံတား

ဧရာဝတီတိုင်း လပွတ္တာနှင့် မြောင်းမြ မြို့နယ်အစပ်ရှိ ၁၉၉၈ ခုနှစ်က တည်ဆောက်ထားသည့် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတားကို အသစ်ပြန်လည် ပြုပြင်တည်ဆောက်မည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကြိုးတံတား ၃ စင်း၏ ကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးခဲ့ပြီးနောက် စစ်ဆေးတွေ့ ရှိချက်များနှင့် သတ်မှတ်စည်းကမ်းချက်များကို လမ်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း ဝါးခယ်မမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောကြားသည်။
17-May-2018 tagged as ကြိုးတံတား
မြောင်းမြကြိုးတံတား ပျက်စီးမှုကြောင့် တစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို ပြည်ပအကူအညီဖြင့် စစ်ဆေးတိုင်းတာနေပြီး ယင်းရလဒ်ကို ဇူလိုင်လကုန်တွင် ရရှိပြီးပါက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ပြောသည်။
နိုင်ငံတစ်ခု ချမ်းသာရင် အားကစားဟာ တိုးတက်တဲ့ရေချိန်ဆိုပါက မော်ကွန်းတိုက်ကလည်း နိုင်ငံရေးရေချိန် ဖြစ်ပါတယ်။ နိုင်ငံတစ်ခုမှာ မှတ်တမ်းမှတ်ရာ အလေးထားမှုနဲ့ သုတေသနပြု သင်ခန်းစာယူခဲ့မယ်ဆိုရင် မြန်မာဟာ အင်္ဂလိပ်နှင့် စစ်သုံးကြိမ်ဖြစ်ပြီးမှ ကျွန်လုံးလုံးဖြစ်ရတာမျိုး၊ အာဏာရှင်တွေ ထပ်တလဲလဲ (အသွင်အမျိုးမျိုးနှင့်) လွှမ်းမိုးခံရတာမျိုး ရှိမယ်မဟုတ်ပါ။ တိုင်းပြည်မှာ ရေကာတာတွေ၊ အမြန်လမ်းမကြီးတွေ၊ တံတားကြီးတွေ၊ အထပ်မြင့် အဆောက်အအုံကြီးတွေ များလာတာနှင့်အမျှ မော်ကွန်းတိုက်မှာ မှတ်တမ်းများကို ပိုမိုထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
မြောင်းမြကြိုးတံတား ကျိုးကျပျက်စီးခြင်းနှင့်ပတ်သက်၍ ကွန်ကရစ်ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်၍မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြည့်ကာ ကြိုးပြတ်သဖြင့် တံတားကျိုးကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက်က ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့တဲ့ဆယ်စုနှစ်များက လွဲချော်ခဲ့တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ဒီနေ့ ခံစားနေရတာပါ။ ခုဆို ဟိုတုန်းက ခြစားပြီး တည်ဆောက်ပြုပြင်ခဲ့ကြတဲ့ အခြေခံ အဆောက်အဦများဟာ သက်တမ်း ဆယ်စုနှစ်ကျော်လာပြီမို့ သတိရှိရှိနဲ့ ဆက်လက်သုံးစွဲဖို့ လိုအပ်နေကြောင်းပါ...။
ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ မြောင်းမြကြိုးတံတားမှာ ယနေ့ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ လောက်တွင် ပြတ်ကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။