News

POST TAGGED AS

ကြိုးဆွဲချသေဆုံးမှု

လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့၊ ဒါးပိန် မြောက်ပိုင်းကျေးရွာအုပ်စု၊ ဘုရားကွင်း ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၆ နာရီခန့်က သက်တော် ၃၁ နှစ်အရွယ်ရှိ ရဟန်းတစ်ပါး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ ၇ အတွင်း၌ ဖေဖော်ဝါရီလ ၉ ရက်နေ့ညက အမျိုးသားတစ်ဦး တမာပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ပေးဆပ်ရန် အကြွေးများရှိသဖြင့် စိတ်ညစ်နေသည်ဟုဆိုသော အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေတမ်းစာရေးကာ ကြိုးဆွဲချအဆုံးစီရင်မှုတစ်ခု ဖေဖော်ဝါရီလ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကျောက်တံတားမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ၃၆ လမ်းရှိ တိုက်ခန်းသုံးလွှာတစ်ခုတွင် နေထိုင်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသားမှာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။