News

POST TAGGED AS

မြို့ပတ်လိုင်းကား

စစ်တွေတွင် မြို့ပတ်လိုင်းကားပြေးရန် အစိုးရစီစဉ်


စစ်တွေ၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ပေါ်တွင် မြို့ပတ်လိုင်းကားများပြေးဆွဲနိုင်ရန် ရခိုင်ပြည်နယ်အစိုးရ စီစဉ်နေကြောင်း ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ထံမှ သိရသည်။

ယာဉ်လိုင်းပြေးဆွဲနိုင်ရန်အတွက် ကိုယ်ပိုင်လိုင်စင်ဖြင့် ပြေးဆွဲနေသော ဟိုက်ဂျက်ယာဉ်များကို လုပ်ငန်း အငှားလိုင်စင်အဖြစ်သို့ ပြောင်းလဲရမည်ဖြစ်သောကြောင့် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း၊ ကားအစီးရေအခြေအနေကို လတ်တလော မပြောနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။

လတ်တလောတွင် တက္ကသိုလ်များသို့ ကြိုပို့ပြေးဆွဲနေသော ယာဉ်လိုင်းများကို မြို့တွင်းယာဉ်လိုင်းတွင် ပြောင်းလဲပြေးဆွဲနိုင်ရန်အတွက် ညှိနှိုင်းထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ကားမှတ်တိုင်ကတော့ အခုမသတ်မှတ်ရသေးဘူး၊ ယာဉ်စီးခတို့ကတော့ ပြေးဆွဲမယ့် ကားအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး သတ်မှတ်ရမယ်”ဟု စည်ပင်သာယာရေးဝန်ကြီးက ရှင်းပြသည်။

ယင်းသို့ ကားများ အငှားလိုင်စင် လျှောက်ထားနိုင်ရန်အတွက် ညွှန်ကြားထားသော်လည်း ယနေ့အထိ ကားတစ်စီးမှ ဆောင်ရွက်လာခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လက်ရှိ စစ်တွေမြို့တွင် သုံးဘီးဆိုင်ကယ်၊ ဟိုက်ဂျက်ကား၊ နှစ်ဘီးဆိုင်ကယ် စသည်တို့ဖြင့် ပြေးဆွဲနေသည်။ 

R-22



FOLLOW US