News

POST TAGGED AS

ဗြိတိန်

16-Feb-2018 tagged as တရုတ် ဗြိတိန်
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်သို့ လာမည့်လတွင် ဗြိတိန်စစ်သင်္ဘောစေလွှတ်ရန် စီစဉ်ထားမှုမှာ ၎င်းတို့ရှိနေသေးကြောင်း လူသိစေရန်နှင့် လူစိတ်ဝင်စားခံရရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း တရုတ်သတင်းစာတစ်စောင်က ဝေဖန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိလာသော ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး ဘောရစ်ဂျွန်ဆင်သည် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး စစ်တွေမှတစ်ဆင့် မောင်တောမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကြောင်း ပြည်နယ်အစိုးရက အတည်ပြုပြောကြားသည်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ဘရိတ်ဇစ်အပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသို့ သုံးရက်ခရီးစဉ် ရောက်ရှိနေပြီး ပညာရေးကဏ္ဍ သဘောတူချိတ်ဆက်မှု အသစ်များကို ကြေညာလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပိုမိုရင်းနှီးမြှုပ်နှံမှုမပြုပါက ဗြိတိန်တပ်မတော်သည် ရုရှားနောက် ကျန်ရစ်ခဲ့နိုင်ကြောင်း ဗြိတိန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာနစ်ကာတာက တောင်းဆိုခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
25-Dec-2017 tagged as ဗြိတိန်
၁၉၈၉ တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲကို တရုတ်စစ်တပ်က နှိမ်နင်းခဲ့ရာတွင် သေဆုံးသူ တစ်သောင်းထက်မနည်း ရှိခဲ့ကြောင်း ဗြိတိန်အစိုးရက အသစ်ထုတ်ပြန်လိုက်သော မှတ်တမ်းများကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။
နိုင်ငံခြားရွေးကောက်ပွဲများတွင် သက်သေအထောက်အထား များစွာရှိနေသော ကြားဝင်စွက်ဖက်နေမှုကို ရပ်ဆိုင်းရန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ရုရှားနိုင်ငံခြားရေးဝန်ကြီးကို သောကြာနေ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
07-Dec-2017 tagged as ဗြိတိန်
ပြည်ပသို့ တိမ်းရှောင်သွားသည့် ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ်ကို ဗြိတိန်က ပတ်စ်ပို့ ထုတ်ပေးလိုက်ပြီဆိုသော သတင်းနှင့်ပတ်သက်ပြီး အာဏာသိမ်းခေါင်းဆောင် လက်ရှိ ဝန်ကြီးချုပ် ပရာယု ချန်အိုချာက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး သူ မသိသေးကြောင်း ဖြေကြားခဲ့သည်ဟု Bangkok Post သတင်းစာက ဖော်ပြသည်။
26-Oct-2017 tagged as ဗြိတိန်
ဗြိတိန်ရှိ လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်မှုများကို စစ်တမ်းထုတ် မေးမြန်းခဲ့ရာတွင် အမျိုးသမီးလုပ်သား ထက်ဝက်ခန့်က အဆိုပါ လက်ဆော့မှု၊ ပါးစပ်ဆော့မှုဒဏ်ကို ခံရဖူးသည်ဟု ဖြေကြားထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်တွင် လေထု အရည်အသွေး မြင့်တက်လာစေရန် ရည်ရွယ်၍ ဟောင်းနွမ်းပြီး လေထုညစ်ညမ်းမှုများသော ကားများကို နေ့စဉ် ထပ်တိုး အခွန်သစ်ကောက်ခံမှု စတင်မိတ်ဆက်လိုက်ကြောင်း မြို့တော်ဝန်ဆာဒစ်ခန်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။