News

POST TAGGED AS

ဗြိတိန်

ဗြိတိန်မြေပေါ်တွင် ရုရှားသူလျှိုဟောင်းတစ်ဦးကို အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှုပြဿနာနှင့် ပတ်သက်၍ ရုရှားသံတမန် ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နှင်ထုတ်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံအတွင်းရှိ ရုရှားသံရုံး ဝန်ထမ်း ၂၃ ဦးကို နှင်ထုတ်ခဲ့သည့်ဖြစ်ရပ်အပေါ် လက်တုံ့ပြန်သည့်အနေနှင့် ရုရှားကလည်း ဗြိတိန်သံတမန်များကို လက်တုံ့ပြန် နှင်ထုတ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
အင်္ဂလန်တောင်ပိုင်း ဆာလစ်စဗျူရီတွင် ရုရှားသူလျှိုဟောင်းတစ်ဦးနှင့် သမီးဖြစ်သူတို့ အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံရမှုတွင် မော်စကိုက တာဝန်ရှိသည်ဟု အမေရိကန်က ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ဗြိတိသျှသိပ္ပံပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်မှုကြောင့် ကမ္ဘာတစ်လွှားမှ သိပ္ပံပညာရှင်များ ဝမ်းနည်းကြေကွဲလျက်ရှိကြပြီး ပြင်းထန်သော ရောဂါဝေဒနာကို ခံစားခဲ့ရသည့်တိုင်အောင် စကြဝဠာ၏ လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်နိုင်ခဲ့သူ ဟော့ကင်းကို ဝိုင်းဝန်းချီးကျူးခဲ့ကြသည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်တောင်ပိုင်း ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်း ဆာဂျီစကရီပယ်နှင့် သမီးဖြစ်သူတို့အား အဆိပ်ဖြင့်လုပ်ကြံမှုနောက်ကွယ်တွင် ရုရှားပါဝင်ပတ်သက်နိုင်ခြေများသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက တနင်္လာနေ့တွင် ပါလီမန်သို့ ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ရုရှားနှစ်ဖက်ချွန် သူလျှိုနှင့် ၎င်း၏သမီးတို့ အဆိပ်ခတ်ခံရသည့် မြို့သို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ညစ်ညမ်းစေနိုင်သည့် ပစ္စည်းများကို ဖယ်ရှားရန် ဗြိတိန်နိုင်ငံ လုပ်ဆောင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဆော်ဒီအာရေဗျက ယီမင်နိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်နေခြင်းများကြောင့် ဝေဖန်မှုများ ရှိနေသည့်တိုင် ဗြိတိန်ထံမှ Eurofighter Typhoon တိုက်လေယာဉ် ၄၈ စင်း ဝယ်ယူရန် စတာလင်ပေါင် ဘီလီယံနှင့်ချီကာ တန်ဖိုးရှိသည့် စာချုပ်တစ်ရပ်ကို မတ်လ ၉ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ကားသုံးဆင့်တိုက်မှု တစ်ခုတွင် ဆယ်ကျော်သက် နှစ်ဦးသေဆုံးခဲ့သည်ဟု ရဲဌာနက ထုတ်ပြန်ထားသည်ကို BBC သတင်းဌာနတွင် ဖော်ပြသည်။
ဗြိတိန်နိုင်ငံတွင် နေထိုင်နေသော ရုရှားသူလျှိုဟောင်းတစ်ဦးသည် အမျိုးအမည်မသိသောအရာနှင့် တွေ့ထိမိပြီးနောက် ဆိုးဆိုးဝါးဝါး ဖျားနာလျက်ရှိသည် ဟု DW သတင်းတွင် ဖော်ပြထားသည်။
20-Feb-2018 tagged as ဗြိတိန်
ဗြိတိန်နိုင်ငံတွင် ကြက်သားတင်သွင်း ဖြန့်ချိမှု ပြဿနာများကြောင့် KFC က အရောင်းဆိုင် ၉၀၀ ကျော်အနက် ထက်ဝက်ခန့်ကို ပိတ်ထားရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။