News

POST TAGGED AS

ဗြိတိန်

ဗြိတိန်ရောက် ထရမ့်ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော်လည်း သူပိုင်အပန်းဖြေစခန်းတွင် ဂေါက်သီးရိုက်မပျက်


အီဒင်ဘာရာ၊ ဇူလိုင် ၁၄

ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော်လည်း စကော့တလန်ပြည်ရှိ သူပိုင်အပန်းဖြေစခန်းတွင် ဂေါက်သီးရိုက် အပန်းဖြေဦးမည်ဖြစ်ကြောင်း BBC သတင်းဌာနကဖော်ပြသည်။

ဗြိတိန်နိုင်ငံ အင်္ဂလန်ပြည်တွင် နှစ်ရက်ကြာ အလုပ်သဘော ခရီးစဉ်အပြီးနောက် စကော့တလန်ပြည်သို့ သောကြာနေ့ ညနေခင်းကရောက်ရှိလာခဲ့သည်။

ထရမ့်၏ အမေဖြစ်သူမှာစကော့ တလန်နွယ်ဖွားဖြစ်သည်။ ယခုခရီးစဉ်တွင် သမ္မတကတော် မယ်လာနီယာမှာ ထရမ့်နှင့်အတူ ထရမ့်ပိုင် တန်ဘာရီဟိုတယ်တွင် စနေ၊ တနင်္ဂနွေ အနားယူမည်ဖြစ်သည်။

စကော့တလန်ပြည်မြို့တော် အီဒင်ဘာရာရှိ စကော့ပြည်လွှတ်တော်တွင် တပြည်လုံး ဆန္ဒဖော်ထုတ်ပွဲကို စနေနေ့တွင် ကျင်းပမည်ဖြစ်သည်။

ထရမ့်၏ စကော့တလန်ခရီးစဉ်အတွက် လုံခြုံရေးကို ကြီးကြီးမားမား ပြင်ဆင်ထားရသည်။ ရဲများကအကာကွယ်ပေးရေး၊ အများပြည်သူလုံခြုံရေးနှင့် ပြည်သူများ၏ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်အကြား မျှမျှတတ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

တန်ဘာရီဟိုတယ်သို့ထရမ့် မရောက် ရှိမီရဲစနိုက်ပါလက်ဖြောင့်တပ်သားများသည် ယာယီဆောက်လုပ်ထားသော စင်မြင့်များပေါ်တွင် တာယာကွင်းများဖြင့် ကာထားသည့် သေနတ်ပစ်စင်များတွင် အသင့်နေရာယူ ကာကွယ်ပေးထားပြီး မြေပြင်နှင့် ပတ်ဝန်းကျင်ဧရိယာတွင်လည်း ရဲအင်အား အများအပြားအသုံးပြု ကင်းလှည့်စောင့်ကြည့်နေသည်။ 

ဂေါက်ကွင်းအပန်းဖြေစခန်းအတွင်း ထရမ့်ဝင်ရောက်လာပြီးနောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Greenpeace က လေဟုန်စီး ဂလိုက်ဒါတစ်စင်းကိုလွှတ်တင်ခဲ့သည်။ ထိုဂလိုက်ဒါတွင် “ထရမ့်၊ သတ်မှတ်ရိုက်ချက်တဲ့ တော်တော်နိမ့်နေတယ်” ဟု ရေးသား လှောင်ပြောင်ထားသည်။

ရဲတပ်ဖွဲ့က ယင်းဂလိုက်ဒါကိုစီးနင်းသူအား လိုက်လံရှာဖွေနေကြောင်း အတည်ပြုသည်။

အီဒင်ဘာရာတွင် “တွန်းလှန်ဖီဆန်မှု ပွဲတော်” အဖြစ် ဆန္ဒပြသူများလမ်းလျှောက် ချီတက်ရန် စီစဉ်ထားပြီး ထရမ့်ဘေဘီ ဘောလုံးကြီးကိုလည်း ပြသသွားမည်ဖြစ်သည်။ 

သောကြာနေ့ကလည်း လန်ဒန်တွင် ထရမ့်၏ ခရီးစဉ်ကို လူထောင်ချီကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

F-03



FOLLOW US