News

POST TAGGED AS

ဖြိုးမင်းသိန်း

စင်ကာပူက စသည့်ဇာတ်လမ်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၃ ရက်နေ့က စင်ကာပူနိုင်ငံ ခရီးစဉ်တွင် မဘသ မလိုအပ်ကြောင်း ပြောဆိုခဲ့ရာမှ အစပြုသည်။ မဟန ရှိနေခြင်းကြောင့် မဘသ မလိုအပ်ဟု ဦးဖြိုးမင်းသိန်းက စင်ကာပူရောက် မြန်မာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။ ဤတွင် မဟန (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) နှင့် မဘသ (အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့) ဇာတ်လမ်းစလေသည်။