News

POST TAGGED AS

ပြိုကျမှု

နိုင်ဂျီးရီးယားတွင် ဘုရားကျောင်းအမိုး ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၀ ခန့် သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းရှိ ဘုရားကျောင်း တစ်ခုရဲ့ အမိုးပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၀ ခန့် သေဆုံးပြီး လူပေါင်း များစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

နိုင်ဂျီးယားနိုင်ငံ တောင်ပိုင်း အက်ခ်ဝါအိုင်ဘွန်းပြည်နယ်ရဲ့ မြို့တော် ယူရိုရှိ ဆောက်လုပ်ဆဲ ခရစ်ယာန် ဘုရားကျောင်း Reigners Bible ရဲ့အမိုးဟာ စနေနေ့တုန်းက ဝတ်ပြုသူတွေ ရှိနေတဲ့အချိန်မှာ ပြိုကျခဲ့တာဖြစ်ပြီး ယင်းပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ လက်ရှိအချိန်မှာ ၆၀ ခန့် ရှိနေပြီဖြစ်ပြီး ၂၀၀ ခန့်အထိရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ အပျက်အစီးတွေကြား ပိတ်မိနေသူတွေ၊ ဒဏ်ရာ ရရှိထားသူတွေကို ရှာဖွေ ကယ်ဆယ်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အဲဒီလို ဘုရားကျောင်းအမိုး ပြိုကျတဲ့အချိန်မှာ အက်ခ်ဝါအိုင်ဘွန်း ပြည်နယ်ရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ယင်းဘုရားကျောင်းမှာ ရှိနေခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘူးလို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဒီမတော်တဆမှုနဲ့ ပတ်သက်လို့ နိုင်ဂျီးရီးယား သမ္မတ မူဟမ်မဒူဘူဟာရီက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ကျန်ရစ်သူ မိသားစုဝင်များအတွက် အလွန် ဝမ်းနည်း ကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။

Ref : CNA



FOLLOW US