POST TAGGED AS

ငြိမ်းစုစီ

ဒီဥပဒေကြမ်းသာ အတည်ဖြစ်သွားခဲ့ရင် အုပ်ချုပ်သူ အာဏာပိုင်များဘက်က ပြည်သူလူထုအပေါ် လိုသလို ဖိနှိပ်တရားစွဲဆိုနိုင်တဲ့ အခွင့်အရေး ရရှိသွားမည်ဆိုပါက လူတစ်ဦးချင်းစီရဲ့ ဒီမိုကရေစီ အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်သွားနိုင်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပြည်သူ့အသံတွေကို ဝေဖန်ဆန်းစစ်ခြင်း မပြုတော့ဘဲ လွှတ်တော်အတွင်းက အင်အားကြီး ပါတီကြီးတစ်ခုရဲ့ ထောက်ခံမဲရလဒ် တစ်ခုတည်းနဲ့သာ ယခင်အတိုင်း အတည်ပြုသွားခဲ့တာကိုလည်း သိခဲ့ကြပြီးဖြစ်မှာပါ။
10-Mar-2018 tagged as ငြိမ်းစုစီ
ဖြစ်ပြီးရင်ပျက်တတ်တဲ့ သင်္ခါရသဘောတွေထဲ ဒီငြိမ်းစုစီဆိုတာကြီးလည်း ပါတယ်လို့ မှတ်လိုက်ပါတော့ကွယ်။ ဒီလောက်ဆိုရင်ဖြင့် တူမောင်ကြီးလည်း ကျေနပ်လောက်ပြီ ထင်ပါတယ်။
ဝေဖန်မှုများနှင့် ဆန္ဒပြကန့်ကွက်မှုများရှိနေသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်မှု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးရာတွင် ကိုယ်စားလှယ် အားလုံးနီးပါးက ကန့်ကွက်ခဲ့သော်လည်း အမျိုးသားလွှတ်တော်က ထောက်ခံမဲအများစုဖြင့် အတည်ပြုလိုက်သည်။
ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်တင်ပြထားမှုကို ယနေ့ (မတ်လ ၇ ရက်) က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးရာတွင် ကိုယ်စားလှယ်အားလုံးနီးပါးက ကန့်ကွက်လိုက်သည်။
05-Mar-2018 tagged as ငြိမ်းစုစီ
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြည်သူလူထု၏ မူလအခွင့်အရေးများကို ထိခိုက်သည့်အတွက် ဥပဒေကြမ်း ပြင်ဆင်မှု ဖျက်သိမ်းသည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။
“ထောင်သုံးနှစ်ချမယ်ဆိုတော့ လူတွေကို ဆန္ဒပြပွဲ လုပ်ချင်တဲ့စိတ် မရှိအောင် တစ်ဖက်သတ် ဖိနှိပ်လိုက်တဲ့ ပြဋ္ဌာန်းချက်ပဲ”
ဆန္ဒပြရန် ငွေပေးစေခိုင်းသူကို ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်ရန်အတွက် ငြိမ်း၊ စု၊ စီဥပဒေကို ပြင်ဆင်ရန် ယနေ့ကျင်းပသော အမျိုးသား လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းလိုက်သည်။
ဥပဒေတစ်ခုက ခေတ်စနစ်နဲ့ မကိုက်ညီဘူးလို့ထင်ရင် ဥပဒေပြုမဏ္ဍိုင်ကနေတစ်ဆင့် ပြင်ဆင်တာတွေ၊ ရုပ်သိမ်းတာတွေ လုပ်ပေးဖို့ သူ့လမ်းကြောင်းနှင့်သူ ကြိုးစားကြရမှာပါ။ ဒီလို မပြင်ဆင်နိုင်ခင်၊ မရုပ်သိမ်းနိုင်ခင်မှာတော့ တည်ဆဲဥပဒေတွေကို လိုက်နာရမယ့်တာဝန်က နိုင်ငံသားတိုင်းအပေါ်မှာ ရှိနေပါတယ်။ဒါက ဆင်ခြင်စရာတစ်ခုပါ။
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ကြွေးသွန်းဘုရားအနီးမှ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း (ဟစ်တိုင်)အထိ လူအင်အား ၅၀၀ ခန့်ဖြင့် ဦးဆောင်ဆန္ဒပြခဲ့သူ ကိုဝင်းကိုကိုလတ် အပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို ဗဟန်းမြို့နယ် တရားရုံးက စက်တင်ဘာလ ၆ ရက်မွန်းလွဲ ပိုင်းတွင် ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့သည်။
ဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်မည့် သူများကို မရိုးမဖြောင့်သော သဘောဖြင့် တစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်း တစ်စုံတရာ ပေးဆောင်ခြင်း မပြုရဟု ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း အတည်ပြု