News

POST TAGGED AS

ငြိမ်းချမ်းရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဒီဇင်ဘာလ ၂၉ ရက်နေ့သွားရောက်ကာ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
နောက်တစ်ကြိမ်ကျင်းပမယ့် ၂၁ ပင်လုံမှာ အားလုံး ပါဝင်ခွင့်ရပြီး လက်ရှိ သွားနေတဲ့မူတွေ၊ လုပ်ငန်းစဉ်ကို ပြန်လည် မွမ်းမံနိုင်တဲ့၊ ဒီထက် ပိုခေတ်မီတဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်လာဖို့ မျှော်လင့်မိပါတယ်။
ဆွေးနွေးပွဲတစ်ခုနဲ့တစ်ခုအကြား ပြောကြဆိုကြတဲ့ စကားသံတွေနဲ့ မြေပြင်က ထွက်ပေါ်လာတဲ့ ကြိုးကြား ကြိုးကြား သေနတ်သံတွေကတော့ တောင်ပေါ်က ဘုရားလေးလိုပေါ်လိုက်ပျောက်လိုက်နဲ့ နောက်ဆုံးအဝေးမှာ ကျန်ခဲ့သလိုမျိုးဖြစ်မှာ စိုးရိမ်မိပါတယ်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ရေးနှင့် မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင် မိတ်သဟာဟတွင် ပညာသင်ကြားနေသော အမြင်အာရုံချို့တဲ့သူများ ပညာရေး ရန်ပုံငွေအတွက် ငြိမ်းချမ်းရေး တေးဂီတ ပွဲတော်များကို လူထူလှုပ်ရှားမှုအသွင်ဖြင့် ရန်ကုန်မြို့တော် အပါအဝင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပြလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့မှ ဦးခင်မောင်မြင့်က ပြောကြား သည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ လာမည့် နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
ငြိမ်းချမ်းရေးသည် အဆင်သင့်ရှိနေသော ဆေးဝါး မဟုတ်ပါ။ အနာကိုလိုက်၍ စီရင်ရသော ဆေးမျိုးဖြစ်ပါသည်။ ဖြစ်နေသည့်ရန်ပွဲကို ကောင်းစွာ နားလည်လက်ခံရန် လိုအပ်ပါသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယခုလကုန် (အောက်တိုဘာလ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
အဆိုးဆုံးမှာကား ပဋိပက္ခများ ရှိနေပါလျက်နှင့် ပဋိပက္ခပဲ မရှိသလိုလို ခပ်တည်တည်ဖြင့် မြုံထားခြင်းဖြစ်သည်။ ထိုကဲ့သို့ လုံးဝ မလုပ်အပ်ပေ။ တစ်ချိန်တွင် ပြဿနာကိုထုတ်၍ အကျိုးရယူရန်အတွက်၊ လက်တစ်လုံးအလိုတွင် ဝင်ကယ်ရန်အတွက် ပဋိပက္ခကို မရှင်းဘဲ မွေးထားခြင်းက ပို၍သာ မလုပ်အပ်သော လုပ်ရပ်ဖြစ်သည်။
ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် စသည့် နိုင်ငံရေးနှင့် သက်ဆိုင်သော ဗဟုသုတများကို ပြည်သူလူထုထံ ချပြဆွေးနွေးပေးမည့် ရသပြည်ထောင်စုသစ် စကားဝိုင်း ဆွေးနွေးပွဲများကို အထက်မြန်မာပြည် မြို့ကြီးငါးခုတွင် ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း PEN Myanmar Centre ထံမှ သိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) တို့ကို လာမည့်အပတ်တွင် တွေ့ဆုံနိုင်ရန် စီစဉ်နေကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။