News

POST TAGGED AS

ငြိမ်းချမ်းရေး

ကြိုတင်သတ်မှတ်ချက်များ ပြုလုပ်မထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုတို့ကို တာလီဘန် စစ်သွေးကြွအဖွဲ့အား အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီက ကမ်းလှမ်းလိုက်သည်ဟု DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဖြစ်သင့်သည့် အတိုင်းအတာထိ မရောက်ရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kristian Schmidt က ပြောကြားသည်။
လက်နက်ကိုင်တပ်များ အားလုံးအနေနှင့် မိမိနေထိုင်ရာ ဒေသ၊ တိုင်း၊ နိုင်ငံတစ်ခုလုံး၏ အတိဒုက္ခ ရောက်နေကြရှာသော သနားစရာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် မိမိတို့ ကိုယ်ကျိုးစီးပွားအကြား ချိန်ညှိကာ မဝေးတော့သည့် ကာလတစ်ခုတွင် တစ်နိုင်ငံလုံးရှိ လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် အစိုးရ၊ မြန်မာ့တပ်မတော်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိနိုင်စေကြောင်းနှင့် နိုင်ငံတစ်ဝန်း မည်သည့်နေရာ ဒေသတွင်မဆို ငြိမ်းချမ်းရေး ချိုးငှက်တို့ လွတ်လပ်စွာ တေးသီပျံသန်းနိုင်စေကြောင်း
ဘာသာတရားများ၏ အဆုံးအမများအောက်တွင် ရှိနေသည့် လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများကို လူသိရှင်ကြား အားပေး၊ အားမြှောက်ပြုလာခြင်းသည် ယဉ်ကျေးသော၊ ငြိမ်းချမ်းဖွံ့ဖြိုး သော၊ သာယာချမ်းမြေ့သော လူ့ဘောင်တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်ကြောင်း
စဉ်းစားကြည့်လျှင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား နိုင်ငံရေး သဘောတူညီချက် မရနိုင်သေးပါက အကြမ်းဖက်တိုက်ခိုက်မှု သံသရာ ဆက်လည်နေဦးမည့် အလားအလာ ရှိနေသည်
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲပြုလုပ်ရန်အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ကစ၍ ရခိုင်အမျိုးသားပါတီရုံးတွင် မြို့နယ်ကိုယ်စားလှယ် ၆၀ ဦး ရွေးချယ်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ထောက်ခံကြိုဆိုပွဲတွင် ပါဝင်ခဲ့သော သရုပ်ဖော်တင်ဆက်မှုနှင့်ပတ်သက်၍ တပ်မတော် ချစ်မြတ်နိုးသူများအဖွဲ့က တပ်မတော်ကိုထိခိုက်၍ ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပဲခူးမြို့ပေါ် ၌ ကျင်းပသည့် ၂၁ ရာစု ပင်လုံအကြို ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲများကို သက်ဆိုင်ရာအစိုးရအဖွဲ့များက တားမြစ်ခဲ့ကြောင်း ယင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။
အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေသည်ဆိုသော ဝေဖန်ချက်များသည် မဟုတ်မှန်ဘဲ ငြိမ်းချမ်းရေးရှေ့ဆက်သွားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောကြားလိုက်သည်။
မန္တလေးမြို့တော်၌ ကျင်းပခဲ့သော ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများကို လွတ်လပ်စွာ ကျင်းပနိုင်ရေး အပါအဝင် အချက်ရှစ်ချက်ပါ သဘောထား ကြေညာချက်တစ်စောင် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။