News

POST TAGGED AS

ခြိမ်းခြောက်

မလေးရှားဘုရင်၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နှင့် ဝန်ကြီးတစ်ဦးကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သူအလုပ်လက်မဲ့ အမျိုးသားအပါအဝင် အကြမ်းဖက်မည်ဟု သံသယရှိသူ ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရဲမှူးချုပ် မိုဖူဇီဟာရန်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း Channnel News Asia သတင်းဌာနက ဖော်ပြသည်။
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းရှိ တိုက်ခန်းကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော ၂၇ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီး ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆက်ဆံပတ်သက်မှုများအကြောင်း နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခံခဲ့ရကြောင်း အပြာကားဇာတ်ဆောင်မင်းသမီး စတုန်မီဒန်နီယယ်က မတ်လ ၂၅ ရက်နေ့တွင် နာမည်ကြီး ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁)၊ ဒေါ်ဖွားရှင်လမ်းပေါ်ရှိ One of Front အထည်ချုပ်စက်ရုံရှေ့တွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများကို ငှက်ကြီးတောင်ဓား ယူဆောင်လာကာ ဆဲဆိုခြိမ်းခြောက်သူ အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။
ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားအနီးရှိ တမ္ပဝတီရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ် တစ်ဦးတည်းရှိနေချိန် ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဓားထောက်ခြိမ်းခြောက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို ခြိမ်းခြောက်သားမယားပြုကျင့်သည့် အသက် ၃၈ နှစ်အရွယ် ပထွေးအား ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အရှေ့ပိုင်းခရိုင်တရားရုံးက ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
09-Aug-2017 tagged as ခြိမ်းခြောက်
ပုဇွန်တောင်မြို့နယ် တရားရုံးမှ နေအိမ်ပြန်လာသည့် ရှေ့နေ ဦးရောဘတ်စန်းအောင်မှာ ပုဇွန်တောင် Orchid Hotel အနီး မီးပွိုင့်တွင် သြဂုတ်လ ၈ ရက် ညနေ ၄ နာရီခန့်က YBS ယာဉ်မောင်းတစ်ဦး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ပြောသည်။
ရွှေပြည်သာမြို့နယ်အတွင်း လူသွား လူလာရှင်းသည့် လမ်းပေါ် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲများကို ဓားဖြင့်ထောက် ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်း၊ ရွှေထည်နှင့် ငွေများ လှည့်လည်လုယက်နေသည့် အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-May-2017 tagged as ခြိမ်းခြောက်
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းတွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုခဲ့ပြီးနောက် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့လာရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မီဒီယာများထံ ပြောကြားသည်။
ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အမျိုးသားကဇာတ်ရုံရှေ့တွင် မတ်လ ၇ ရက် နံနက် ၁ နာရီခွဲက ပလက်ဖောင်းပေါ် ထိုင်နေသည့် အမျိုးသားသုံးဦးကို ဓားပြ ခြိမ်းခြောက်ပြီး ငွေနှင့်လက်ကိုင်ဖုန်း လုယက်ခဲ့သည့် အဖွဲ့မှ အမျိုးသား သုံးဦးကို ဖမ်းမိ