News

POST TAGGED AS

ကြားဖြတ်ရွေးကောက်ပွဲ

10-Feb-2017

လုံခြုံရေး
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်း အစိုးရရုံးတွင် CCTV များ တိုးမြှင့်တပ်ဆင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

လုံခြုံရေး တင်းကြပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် ညပိုင်းက M-150 အချိုရည်ပုလင်းဖြင့် ပြုလုပ်ထားသည့် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရုံးဝင်းအတွင်း CCTV ကင်မရာများကို တိုးမြှင့်တပ်ဆင်ခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

“အရင်က ရုံးဝင်းထဲမှာ CCTV ၁၀ လုံးလောက်ပဲ ရှိတယ်၊ အခု အလုံး ၃၀ ကျော် တပ်ဆင်ထားတယ်၊ ပြီးတော့ လူဝင်လူထွက် ယာဉ်ဝင်ယာဉ်ထွက်တွေကို ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုတွေ ဆောင်ရွက်ခိုင်းထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေသည်မှာ အချိန်နှစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အများပြည်သူသိရှိစေရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း ယနေ့အချိန်ထိ မရှိသေးပေ။



FOLLOW US