News

POST TAGGED AS

ကြားဖြတ်ရွေးကောက်ပွဲ

ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ လူနည်းစု တိုင်းရင်းသားဒေသများ၊ မသန်စွမ်းသူများအတွက် အထူး ပြုလုပ်ထားသော မဲရုံများ၊ ပြိုင်ဆိုင်မှုများသည့် မဲရုံများစသည့် ထူးခြားနေရာ ရှစ်ခုတွင် အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စုပေါင်း၍ စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ်အမှတ် (၁) NLD ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် အမည် စာရင်းတင်သွင်းချိန် နောက်ကျမှုကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရရှိတော့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ်များအနက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
လာမည့် ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လစ်လပ် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင် စုစုပေါင်း ၂ ဒသမ ၂ သန်း ကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည့် ကိုယ်စားလှယ်များကို လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထား စိစစ် သွားမည်
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် နိုင်ငံရေးပါတီ ခြောက်ခု ဝင်ရောက် ယှဉ်ပြိုင်မည်
"ကျွန်တော်တို့အနေနဲ့ကပါတီထိပ်ပိုင်းအထိပေါင်းစည်းဖို့မဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်မြို့နယ်ကလစ်လပ်တဲ့တစ်နေရာရရှိဖို့ ပူးပေါင်းကြဖို့ ရည်ရွယ်တာပါ။ဒီပါတီသုံးခုက ကိုယ်စားလှယ်သုံးဦးကိုဒေသခံတွေထံချပြမယ်။ဒေသခံတွေစိတ်ကြိုက်ရွေးချယ်တဲ့တစ်ဦးကိုပဲ စုပေါင်းမဲထည့်ကြဖို့ ရည်ရွယ်တာပါ"ဟု ကျိုင်းတုံမြို့နယ် SNDP ဥက္ကဋ္ဌ ဒေါက်တာစိုင်းရွက်ဟောင်က ဆိုသည်