News

POST TAGGED AS

ကြည်လင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် NLD ပါတီမှ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် စေခိုင်းသူမှာ အောင်ဝင်းဇော် မဟုတ်ကြောင်းနှင့် အုတ်ခဲဖြင့်ထု၍ ၎င်းကိုဖမ်းဆီးခဲ့သူ အငှားယာဉ်မောင်း ကိုနေဝင်းကိုလည်း ၎င်းက သေနတ်နှင့် ပစ်သတ်ခဲ့ခြင်း မရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားခံအဖြစ် စစ်ဆေးခံရသူ ကြည်လင်းက ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။
ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီကို လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းတွင် တရားစွဲဆိုခံထားရသူ သေနတ်သမားကြည်လင်းက မိသားစု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရမှုကြောင့် လူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။
ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်း အသတ်ခံရမှုတွင် ကြည်လင်း အပါအဝင် လေးဦးကို မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ထားသည့် ပုဒ်မများမှာ လုံလောက်မှုရှိသည်ဟု မဆိုနိုင်သဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ စွဲချက်ပြင်ဆင် ဖြည့်စွက်ပေးရန် တင်သွင်းခဲ့ကြောင်း ကိုနေဝင်း၏ မိသားစုဘက်မှ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းကို လူသတ်မှုပုဒ်မ ၃၀၂ တစ်ခုဖြင့်သာ လတ်တလော အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး မျိုးဆွေက ပြောကြားသည်။