News

POST TAGGED AS

ကြက်

ဟင်္သာတတွင် မွေးမြူရေးကြက် ဈေးကျ
ဟင်္သာတ၊ ဇူလိုင် ၂၂

ရက်ပေါင်း ၇၅ ရက် မွေးမြူပြီးနောက် ကြက်အရှင် ပိဿာချိန် ၆၅ ကျပ်သားအရွယ်ခန့်တွင် ရောင်းချရသည့် မွေးမြူရေးကြက် (Semi) အမျိုးအစားမှာ ယခုလတတိယပတ်အတွင်း ဈေးပြန်လည်ကျဆင်းခဲ့ကြောင်း ဒေသခံမွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

(Semi) အမျိုးအစားမွေးမြူရေး ကြက်အရှင်ဈေးကွက်မှာ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ပိဿာချိန် တစ်ရာလျှင် ငါးသိန်းကျပ်ဈေးဖြင့် ရောင်းချခဲ့ရပြီး ဇူလိုင်လ ၁၈ ရက်နေ့ ရောင်းဈေးအရ ပိဿာတစ်ရာလျှင် လေးသိန်းနှစ်သောင်းကျပ်အထိ ဈေးကျဆင်းခဲ့ကြောင်း၊ အဆိုပါရက်က ရန်ကုန်တိုင်းရှိ မွေးမြူရေးကြက်အရှင်ဈေးကွက်မှာ ပိဿာချိန်တစ်ရာလျှင် လေးသိန်းရှစ်သောင်းကျပ် ဈေးအမြင့်ဆုံးဖြင့် ရောင်းချကြောင်း ၎င်းတို့က ပြောဆိုသည်။

ဟင်္သာတနယ်မြေအခြေအနေနှင့် အစာဈေး ကြက်ပေါက်ဈေးကွက်များအရ ပိဿာချိန်တစ်ရာလျှင် သုံးသိန်းသုံးသောင်းကျပ် ဈေးအထိဖြင့် အမြင့်ဆုံးရောင်းချရပါက အရှုံးပေါ်သည့် အခြေအနေနှင့် ရင်ဆိုင်ရကြောင်း ဟင်္သာတမြို့ခံ မွေးမြူရေးလုပ်ငန်းရှင် ဦးရဲသူရိန်က ပြောကြားသည်။

R-13




FOLLOW US