News

POST TAGGED AS

ကြက်ခြေနီ

မြန်မာနိုင်ငံသို့ပေးသည့် အထောက်အပံ့များ ရပ်ရန် ဗြိတိန်လွှတ်တော်ကော်မတီ ကြိုးပမ်း
လန်ဒန်၊ မေ ၂၂

မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများကို ပြန်လည်သုံးသပ်ရန်အတွက် ဗြိတိန်ပါလီမန် နိုင်ငံတာကာ ဖွံ့ဖြိုးရေးကော်မတီမှ အမတ်များက တိုက်တွန်းလိုက်ကြောင်း The Guardian သတင်းစာက ရေးသားဖော်ပြထားသည်။

မြန်မာအစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ ပို့ရေးအတွက်လည်း အဆိုပါ ပါလီမန်ကော်မတီဝင် အမတ်များက ဗြိတိန်အစိုးရကို အားထုတ်ပါရန် တိုက်တွန်းပြောကြားသည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီရန်အစီအစဉ် ပေါင်းသန်း ၁၀၀ ကိစ္စကိုလည်း ပြန်လည်သုံးသပ်ပါရန် ၎င်းတို့က တောင်းဆိုလိုက်သည်။

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ် စစ်မှန်မှုဆိုင်ရာ မေးခွန်းများရှိခြင်း၊ ဒီမိုကရေစီ အကူးအပြောင်းတိုးတက်မှုဆိုင်ရာ အကြောင်းတို့နှင့် ဗြိတိန် အကူအညီပေးရေး စီမံကိန်းများရှိရာ နေရာများသို့ သွားရောက်ကြည့်ရှုမည့် ထိပ်တန်းအရာရှိများကို အနီးကပ်မှ ဗီဇာမပေးခြင်း စသည့်အကြောင်းရင်းများကြောင့် ယင်းသို့ သုံးသပ်ရန် တိုက်တွန်းခြင်းဟု ကော်မတီက နိဂုံးချုပ် ပြောဆိုထားသည်။ 

မြန်မာ့အာဏာပိုင်ကို စုပေါင်းအရေးယူရန်အတွက် ကုလသမဂ္ဂ UN တွင် တောင်းဆိုခြင်းကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်က ဗီတိုအာဏာဖြင့် ကာကွယ်ပေးထားသည်။ 

ဗြိတိန်သည် ၎င်း၏ မဟာမိတ်နိုင်ငံများနှင့်အတူ မြန်မာ့အာဏာပိုင်များကို ဦးတည်သော သတ်မှတ်ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုလုပ်သင့်ကြောင်း ကော်မတီက အစိုးရကို တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံ မဟုတ်ပေ။ 

မြန်မာအစိုးရသည် တပ်မတော်၏ သဘောဆန္ဒကို ထောက်ချင့်ရသည်ဆိုသော အခြေအနေအပေါ် မူတည်၍ ဗြိတိန်နိုင်ငံခြားရေးဌာနက အစိုးရကို ဦးဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားသိပ်မပေးသင့်ကြောင်း ဆိုသည်များရှိသော်လည်း ဗြိတိန်ပါလီမန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီကမူ မတရားမှုများကို ရပ်ခံဆန့်ကျင်ပြောဆိုခြင်း မရှိခြင်းအတွက် ၎င်းသည် ပြဿနာ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေကြောင်း ပြစ်တင်ပြောဆိုထားသည်။ 

F-02



FOLLOW US