News

POST TAGGED AS

ကြက်ခြေနီအသင်း

ကြက်ခြေနီအဖွဲ့ဝင်သစ်တိုးရန် တက္ကသိုလ် ကျောင်းသားများကို အဓိက စည်းရုံးမည်
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များတွင် တပ်ဖွဲ့ဝင်သစ်များ ထပ်တိုးလာရေး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို အဓိက စည်းရုံးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းငွေက ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်များ၌ မြို့မိ၊ မြို့ဖများ ဦးဆောင်သည့် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းပြီး ဖြစ်၍ စွမ်းရည်ပြည့်ဝသည့် အဖွဲ့ဝင်သစ်များတိုးရန် လုပ်ဆောင်ရာတွင် ကျောင်းသားများကို စည်းရုံးမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

“တက္ကသိုလ်တွေမှာ အခြေခံရှေးဦးပြုစုခြင်း သင်တန်းတွေ ဖွင့်ပြီး လူမှုကရုဏာလုပ်ငန်း လုပ်ဆောင်ချင်တဲ့ သူတွေကို မိမိမြို့နယ်တွေမှာ တပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ပေးဖို့ စည်းရုံးမယ်” ဟု ဒေါက်တာသိန်းငွေက ပြောကြားသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ အခြေစိုက်ရာ ကျိုင်းတုံမြို့တွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် အပါအဝင် တက္ကသိုလ်သုံးခု ရှိရာ လက်ရှိတွင် ကျိုင်းတုံတက္ကသိုလ် ကျောင်းသားကျောင်းသူ ၇၂ ဦးသည် အခြေခံ ရှေးဦးသူနာ ပြုစုခြင်း သင်တန်းတက်ရောက် အောင်မြင်ပြီး ဖြစ်ကြောင်း ပြည်နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ထံမှ သိရှိရသည်။

R - 16



FOLLOW US