News

POST TAGGED AS

ကြက်ခြေနီအသင်း

စစ်ရှောင်များကူညီရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ပုံငွေဈေးပွဲတော် ကျင်းပမည်
ရန်ကုန်၊ မတ် ၁၉ 

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှ စစ်ဘေးရှောင်ပြည်သူများကို ကူညီရေး ဘဏ္ဍာငွေရှာဖွေရန် ရန်ပုံငွေဈေးပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်မှဧပြီလ ၁ ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဦးစီးပြီးကျင်းပသွားမည်ဖြစ်သည်။

ထိုပွဲတွင် အနုပညာရှင်များမှ တေးဂီတ ဖျော်ဖြေခြင်း၊ မော်ဒယ်လ်များ၏ ဖက်ရှင်သရုပ်ပြမည့် အစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များ စသည့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာ အစားအစာများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများ ရောင်းချသွားမည်ဖြစ်သည်။

“အဓိကတော့ စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရှာမယ်၊ ကြက်ခြေနီလုပ်ငန်းစဉ်တွေကို ဟောပြောတာတွေ ပါဝင်မှာပေါ့”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး ဦးကိုကိုကျော်က ဆိုသည်။

အဆိုပါ ရန်ပုံငွေများကို ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ရှမ်းမြောက်ဒေသ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီရန် ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

လတ်တလော အခြေအနေတွင် ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသောကြောင့် ဒေသခံများ တိမ်းရှောင်ထွက်ပြေးနေရသည်။ 

ဝေလင်း



FOLLOW US