News

POST TAGGED AS

ကြက်သား

05-Oct-2017

ကြက်သား
ကြက်သား တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ထိ ဈေးမြင့်

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်တိုင်းတွင် ယခုလပထမ အပတ်မှစ၍ ကြက်သား လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ အထိ ပြန်လည် မြင့်တက်လာကြောင်း ကြက်သားရောင်းချသည့် ဒိုင်များထံမှ စုံစမ်း သိရှိရသည်။

ကြက်သား ဈေးနှုန်းများမှာ စက်တင်ဘာလက လက်လီဈေးအသား တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ၆၀ဝ၀ အထိ ဈေးနှုန်းရှိခဲ့ပြီး ယခုလ ပထမအပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ အထိ  ဈေးနှုန်း မြင့်တက်လာကြောင်း အဆိုပါ ဈေးကွက်ထံမှ သိရှိရသည်။

“ကြက်သားဈေးက ဇူလိုင်လမှာ တစ်ပိဿာကို ကျပ် ၃၀ဝ၀ ထိ ကျဆင်းခဲ့ပေမယ့် စားသုံးသူတွေ ပြန်များလာလို့ အခုလမှာတော့ ပုံမှန် ဈေးတစ်ပိဿာ ၇၀ဝ၀ ကျပ်အထိ ပြန်ရောက်ပြီ။ အရင်လက လက်ကားဒိုင်ဈေးဆို တစ်ပိဿာ ၂၂၀ဝ ကနေ ၃၀ဝ၀ ထိ တက်လာတယ်”ဟု သာကေတမြို့နယ် ၇ ဈေးမှ ကြက်သားဒိုင်ဖြစ်သူ မသီတာက ဆိုသည်။

တာမွေမြို့နယ် ကြက်ဘဲဈေးတွင် ယခင်လက ဒိုင်ဈေးလက်ကားဈေး တစ်ပိဿာလျှင် ၂၂၀ဝ ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ အထိ  ဈေးနှုန်း ပြန်လည် မြင့်တက်လာကြောင်းနှင့် ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ၂၆၀ဝ ဈေးနှုန်း ရှိကြောင်း မင်္ဂလာတောင်ညွှန့် ကြက်ဘဲဈေးရှိ ကြက်သား အရောင်းဒိုင်များထံမှ သိရသည်။

“ကြက်သားဈေးနှုန်းက အခုဆို တစ်ပိဿာ ၇၀ဝ၀ တောင် ဖြစ်သွားပြီ။ ကြက်သားဈေးက တဖြည်းဖြည်း တက်နေတော့ ဒီထက် ဈေးမမြင့်ပါစေနဲ့ဘဲ ဆုတောင်းရမယ်”ဟု ပုဇွန်တောင်မြို့နယ် တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်း ဒေါ်သင်ဇာဝေက ဆိုသည်။

J-10

  • VIA


FOLLOW US