News

POST TAGGED AS

၂၁ ရာစု

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယနေ့ စတင်ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ တက်ရောက်ကြမည်ဖြစ်သည်။
ယခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာပြုလုပ်မည့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှယန်နာဘာဂီနာကို ဖိတ်ကြားထားကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အမြန်ဆုံး ပြန်လည်ကျင်းပရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇွန်လ ၃၀ ရက်တွင်ကျင်းပရန် လျာထားကြောင်း အပစ်ရပ် လက်မှတ်ထိုးထားသည့် အဖွဲ့များထံမှ သိရသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ်ကို လာမည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးစီးသည့်အချိန်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။
24-Mar-2018 tagged as ၂၁ ရာစု
ရေတိုက်ပွဲ ရေအခက်အခဲဟုဆိုရာတွင် ကိုယ်တွေ့ မျက်မြင် မကြုံဖူးသူများအတွက် ထိုအရေးသည် သေရေးရှင်ရေးတမျှ အရေးမကြီးသောကိစ္စဟု ထင်မြင်ဖွယ်ရာ ရှိသည်။ သို့သော် ရေတိုက်ပွဲနွှဲနေရသောလူများကို မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ပုံစံမျိုးစုံဖြင့် မြင်တွေ့နိုင်ပေသည်။ အထူးသဖြင့် နွေရာသီကာလတွင် မြန်မာပြည် အလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် ရေပြတ်လပ်မှု အခက်အခဲများကို ပိုမိုမြင်တွေ့လာရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေး မတိုင်မီ အစိုးရနှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်ကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) က ပြောကြားလိုက်သည်။
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ဆုံးဖြတ် လိုက်ကြောင်း အဆိုပါအစည်းအဝေးထံမှ သိရသည်။
ပဲခူးမြို့ပေါ် ၌ ကျင်းပသည့် ၂၁ ရာစု ပင်လုံအကြို ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲများကို သက်ဆိုင်ရာအစိုးရအဖွဲ့များက တားမြစ်ခဲ့ကြောင်း ယင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။
အစိုးရက တရားဝင် ဖိတ်ကြားပါက ထပ်မံကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။