News

POST TAGGED AS

မြန်မာ

16-May-2018 tagged as မြန်မာ တရုတ်
ရန်ကုန်မြို့တော် Myanmar Event Park တွင် မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ၌ ဘဏ်နှင့်ချိတ်ဆက်၍ ကုန်ပစ္စည်းဝယ်နိုင်မည့်စနစ်ကို စတင်မိတ်ဆက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးကိုယ်စားလှယ် ဒေါက်တာသက်လွင်ဦးက ပြောကြားသည်။
ဘင်္ဂါလီဒုက္ခသည်များ အရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှုလုပ်ဆောင်မည့်ကိစ္စတွင် တရုတ်နိုင်ငံက အကာအကွယ်ပေးလျက် ရှိနေသည့်အတွက် အမေရိကန်ပြည်ထောင်စုက တရုတ် အစိုးရကို သွယ်ဝိုက်သည့်သဘောဖြင့် ဝေဖန်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံလို ဘဏ်စနစ်ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံတွေအတွက် အွန်လိုင်း အရောင်းအဝယ်တွေနဲ့ ငွေပေးချေမှုတွေ အရှိန်အဟုန် မြင့်တက်လာဖို့ Mobile Money လို့ခေါ်တဲ့ မိုဘိုင်းလ်ဖုန်းအခြေပြု ငွေလွှဲဝန်ဆောင်မှုတွေက အရေးပါတဲ့ နည်းလမ်းတစ်ခုပါပဲ။
ယခုလက်ရှိ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသက အရေးကိစ္စတွေဟာ မိမိတို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား၊ ဘင်္ဂါလီလူမျိုးတွေနဲ့အစိုးရ၊ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ကိစ္စတွေ ဆိုတာထက် ကမ္ဘာ့ဆူပါပါဝါ အင်အားကြီးအရှေ့အုပ်စုနဲ့ အနောက်အုပ်စု နှစ်ခုအကြားမှာ ပထဝီနိုင်ငံရေးအရ အရေးပါလှတဲ့ ကိုယ့်နိုင်ငံအတွက် အသုံးချခံသက်သက် ဖြစ်နေကြရတာလို့ တွေးယူကြရမှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေ ပြေလည်သွားသည့်တိုင် နောက်ထပ် နောက်ထပ် ဖိအားပေးမှုမျိုးစုံကိုလည်း ဆက်လက် ကြုံတွေ့ကြရဦးမှာ အမှန်ပါပဲ။
မြန်မာနှင့် နီပေါနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအပြင် ပြည်တွင်းထွက် ပဲမျိုးစုံနှင့် ဆန်များ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E.Mr.Bhim K Udas မေလ ၁၃ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံ လာရောက်ဆွေးနွေးခဲ့ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသအနီး မူဆယ်မြို့တွင်ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန်တစ်သိန်းခွဲစီ တင်ပို့ခွင့်ပြုထားရာမှ ပဲစင်းငုံတန်ချိန် နှစ်သိန်းအထိ ထပ်မံတင်ပို့ခွင့်ပြုလိုက်ပြီး ယင်းပဲများအားလုံးကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၃၁ ရက်နေ့အထိ တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆောက်အအုံများ ဆောက်လုပ်သည့်အတွက် မြန်မာနိုင်ငံအစိုးရက တရားဝင် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနသို့ ရဲတပ်ဖွဲ့သုံး မော်တော်ယာဉ် အပါအဝင် မှုခင်းစုံစမ်းရေး၊ မူးယစ်ဆေး ရှာဖွေတားဆီးရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်တွင်ပါ တစ်နေ့တခြား အသုံးများတွင်ကျယ်လာသော ဖေ့စ်ဘွတ်ခ် အပါအဝင် လူမှုကွန်ရက်များသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးကြုံရနိုင်သည့်အတွက် သက်ဆိုင်ရာ အစိုးရတို့က အခြေခံ လူ့အခွင့်အရေးကို မထိခိုက်စေသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများဖြင့် စောင့်ကြပ်၊ ထိန်းညှိ၊ အကာအကွယ်ပေး၊ လိုအပ်ပါက အရေးယူခြင်းတို့ဖြင့် တုံ့ပြန်လာကြရသည်။