News

POST TAGGED AS

မြန်မာ

ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့်အမှု ဖွင့်ခံရသည့် ဒေါ်စုစုနွေး အပါအဝင် သုံးဦးက ဆိပ်ကမ်းမြို့နယ်ရဲစခန်းမှူးကို အသရေဖျက်မှုဖြင့် ကော့မှူးတရားရုံးထံ တိုင်ကြားရာတွင် လက်မခံသည့်အတွက် ခရိုင်တရားရုံးသို့ ဆက်လက် တိုင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။
ထိုင်းနိုင်ငံရောက် အထောက်အထား မဲ့ မြန်မာအလုပ်သမားများအနက် ၁၀ ရက်အတွင်း လူဦးရေ လေးထောင်ခန့် ဖမ်းဆီးရမိကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်နိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဈေးကွက်အသစ်တစ်ခုဖြစ်သည့် ကနေဒါနိုင်ငံသို့ ပထမဆုံးအကြိမ် ပမာဏအများဆုံးအဖြစ် ၂၀၁၈ ခုနှစ်အတွင်း ကော်ဖီစေ့တန်ချိန် ၃၆ တန် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောကြားသည်။
မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်က အရေးယူပိတ်ဆို့မှုများ ဖြစ်လာအောင် ဦးဆောင်ဆော်ဩခဲ့သူ ဆီးနိတ် ရီပတ်ဘလစ်ကန် ဝါရင့် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်သည် လူ့အခွင့်အရေးကိစ္စကြောင့် ကမ္ဘာ့မျက်နှာစာတွင် နာမည်ပျက်နေသောမြန်မာကို အရေးယူပိတ်ဆို့မည့်ကိစ္စအား လွှတ်တော်တွင် ကန့်ကွက်သဖြင့် ၎င်းကို ဝိုင်းဝန်းဝေဖန်မှုများရှိနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mr. Abul Hassan Mahmood Ali တို့ တရုတ်နိုင်ငံတွင် ဒုက္ခသည်များအရေးကို ဇွန်လ ၂၉ ရက်က ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ဘင်္ဂါလီအရေး လျှို့ဝှက်သဘောတူညီချက်တွင် မြန်မာနိုင်ငံတွင်းသို့ ပြန်လာသော ဘင်္ဂါလီများအတွက် နိုင်ငံသားဖြစ်ခွင့် အာမခံချက်နှင့် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်အတွက် ရှင်းလင်းသည့် အာမခံချက်များပေးမထားဟု Reuters သတင်းဌာနက ဖော်ပြသည်။
ထိုင်းနိုင်ငံအနေနှင့် နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ဇူလိုင်လ ၁ ရက် (ယနေ့)မှစ၍ တရားမဝင် လုပ်သားများကို စီမံချက်ဖြင့် စတင် ဖမ်းဆီးတော့မည်ဖြစ်၍ အထောက်အထားမဲ့ မြန်မာလုပ်သားများ မဲဆောက်နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်သူ တစ်ထောင်နီးပါးရှိကြောင်း မြန်မာသံအရာရှိက ပြောကြားသည်။
တရုတ်ဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရသည့် မြန်မာ့သရက်သီး ဈေးကွက်အနေအထားသည် ဈေးကွက်ပျက်သည့်အနေအထားသို့ ဦးတည်သွားပြီဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံများနှင့် သရက်ခြံပိုင်ရှင်များက သုံးသပ်ထားကြသည်။
ကိုရီးယား-မြန်မာ စီးပွားရေးဆက်ဆံမှု တိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံအကျိုးတူလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရေး ကိုရီးယား-အာရှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသင်း (KOAECA) တို့ ပူးပေါင်းလုပ်ဆောင်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
20-Jun-2018 tagged as မြန်မာ တရုတ်
နယ်စပ်ဒေသမှတစ်ဆင့် ကုန်ပစ္စည်းများ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းခြင်းတို့ ပြုလုပ်ရန်အတွက် မြန်မာ- တရုတ် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးရေးကို တရုတ်နိုင်ငံ ဗဟိုအစိုးရအဆင့်အထိ တင်ပြရမည်ဖြစ်သောကြောင့် တစ်လခန့် ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။