News

POST TAGGED AS

မြန်မာ

ထွက်ပြေးသွားကြသူများ၏ နိုင်ငံသားဖြစ်မှု အနေအထား၊ ပြည်တွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာမှု အနေအထားနှင့် စပ်လျဉ်းပြီး မည်သို့ပင် ယူဆထားစေကာမူ ထိုသူတိုင်းမှာ လူသားသာလျှင် ဖြစ်နေသည်မှာတော့ ငြင်းမရသောအချက်ပင် ဖြစ်ပါသည်။ ထိုသူတို့၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် ကျွန်တော်တို့အားလုံး အစုလိုက် အပြုံလိုက် ပျက်ကွက်ခဲ့ကြပါသည်။
အမေရိကန်ပြည်ထောင်စုတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ထောင်ကျဖူးသူ မြန်မာနိုင်ငံသား ၂၇ ဦး ပြည်နှင်ဒဏ်ပေးခံ၍ သြဂုတ်လ ၂၂ ရက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်းဆလိုင်း အိုင်းဇက်ခင်က ပြောကြားသည်။
ရွှ့ပြောင်းမြန်မာလုပ်သား အများစု သွားရောက်အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသို့ ယခုနှစ်မကုန်မီ မြန်မာရေလုပ်သား လေးသောင်းကျော်ကို တရားဝင်ပို့နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
ဆော်ဒီအာရေဗျနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ငါးတင်သွင်းမှုကို ရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်၍ ပြန်လည်စိစစ်ပေးမည်ဟု ဆော်ဒီသံရုံးမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ စာပို့အကြောင်းကြားထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
စင်္ကြံလမ်းမသည် တရုတ် ယူနန်ပြည်နယ်နှင့် မန္တလေးကိုချိတ်ထားကာ ရန်ကုန်သို့ ဆက်သွားပြီး အနောက်ဘက်ဆိုလျှင်လည်း ဘင်္ဂလားပင်လယ်အော်ဘက် တည်ထောင်ပြီးဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ ဆက်သွားမည်ဖြစ်သည်။
အရှေ့တောင်အာရှ ဗိုဗီနမ်အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကအိမ်ရှင် အဖြစ်ကျင်းပမည့် ၂၀၁၈ ခုနှစ် အရှေ့တောင်အာရှ ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ်ဆယ်ခုရခဲ့ပြီး နိုင်ငံအလိုက် အဆင့်နှစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကြား မြန်မာပိုင်နက်ပေါ်တွင် နေထိုင်သူများအား နေရပ်ပြန်ပို့ရေး အစီအစဉ်ကို နှစ်နိုင်ငံအစိုးရသဘောတူညီမှုရခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
မြန်မာနိုင်ငံအနှံ့ရှိ ရဲအချုပ်ခန်း ငါးရာကျော်အနက် အချုပ်ခန်းပေါင်း လေးရာကျော်၏ဝင်ပေါက်ကို ခြောက်ပေအမြင့် ထားရှိကာ အချုပ်သား ၄၀ ဆံ့အထိ ပြည်ထဲရေးဝန်ကြီးဌာနက တိုးချဲ့ပြင်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
တရုတ်နိုင်ငံ ထိန်ချုံးခရိုင်အတွင်း သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၄၅ ဦးကို တရုတ်နိုင်ငံ ထိန်ချုံးခရိုင် အစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံ အစိုးရသို့ ဩဂုတ်လ ၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြန်မာ့စီးပွားရေးအပေါ် အစိုးရအနေနှင့် ယုံကြည်မှုလွန်ကဲပြီး အမွှမ်းမတင်ရန်လိုအပ်ကြောင်း ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားသည်။