News

POST TAGGED AS

မြန်မာအစိုးရ

အောင်စန်းပွင့်ဇာတ်အဖွဲ့ကားချောက်ထဲကျ၊ ၆ ဦးသေဆုံး
စစ်တွေ၊ ဧပြီ ၃

ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမပေါ် ဗေဒါဂိတ်အနီးတွင် ဧပြီ ၂ ရက် ညပိုင်း ဇာတ်ကပြီးပြန်လာသော အောင်စန်းပွင့် ဇာတ်အဖွဲ့ဝင်များ တင်ဆောင်လာသော ကား ချောက်ထဲကျရာမှ ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂွမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ဇာတ်အဖွဲ့က ဂွမြို့နယ် ကြွေချိုင်ကျေးရွာမှ ဇာတ်ကပြီး ရန်ကုန်သို့အပြန် မိုင်တိုင် ၂၃ တွင် ကားဘရိတ်ပေါက်ပြီး ချောက်ထဲသို့ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် ပြဇာတ်မင်းသမီး ယုယဖြိုး၊ မင်းသမီးခြူးတို့ အပါအဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂွမြို့နယ် ဒုတိယဦးစီးမှူး ဦးရန်သူရဖြိုးက ပြောသည်။

ဒဏ်ရာရသူများကို ဂွမြို့နယ် ပြည်သူ့ဆေးရုံ၊ ငါးသိုင်းချောင်း ပြည်သူ့ဆေးရုံနှင့် ဧရာဝတီတိုင်း ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတို့တွင် တင်ပို့ထားပြီး လေးဦးမှာ စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းထားကြောင်း ၎င်းထံမှ သိရသည်။ 

R-22



FOLLOW US