News

POST TAGGED AS

မြန်မာအစိုးရ

... အစိုးရဌာနတွေက တာဝန်ယူ ဆောက်လုပ်ကြတဲ့ အဆောက်အအုံ၊ လမ်းတံတားတွေအတွက် ပဏာမတင်ဒါခေါ်ယူရေးလုပ်ငန်းတွေနဲ့ အရည်အသွေး ကျဆင်းမှုတွေ၊ အဂတိလိုက်စားမှုတွေအတွက် အကျင့်ပျက်ရင် ပျက်တဲ့သူကို၊ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို နိုင်ငံတော် အကြီးအကဲတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိတိကျကျ အထောက်အထား ဓာတ်ပုံများနဲ့ တိုင်ကြားကြမှသာ အချိန်တိုအတွင်း ကင်းစင်ပပျောက်သွားနိုင်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများ ပြန်လည်လက်ခံရန် သဘောတူစာချုပ်မူကြမ်းကို ကုလသမဂ္ဂအဖွဲ့ နှစ်ဖွဲ့နှင့် မြန်မာအစိုးရ လက်မှတ်ထိုးထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေမှူး ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။
မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်က အရေးယူပိတ်ဆို့မှုများ ဖြစ်လာအောင် ဦးဆောင်ဆော်ဩခဲ့သူ ဆီးနိတ် ရီပတ်ဘလစ်ကန် ဝါရင့် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်သည် လူ့အခွင့်အရေးကိစ္စကြောင့် ကမ္ဘာ့မျက်နှာစာတွင် နာမည်ပျက်နေသောမြန်မာကို အရေးယူပိတ်ဆို့မည့်ကိစ္စအား လွှတ်တော်တွင် ကန့်ကွက်သဖြင့် ၎င်းကို ဝိုင်းဝန်းဝေဖန်မှုများရှိနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် အာဏာသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆောင်းပါးရှင်တစ်ဦးဖြစ်သူ လယ်ရီဂျာကင်၏ ဘန်ကောက်ပိုစ့် သတင်းဌာနတွင် ရေးသားဖော်ပြမှုမှာ မဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြန်လည် ရှင်းလင်းခဲ့သည်။
ဒီကနေ့အချိန်အထိ အာဏာရပါတီအနေနဲ့ ရခိုင်မြောက်ပိုင်းက ပဋိပက္ခအတွက် ပြည်ပက ဖိအားတွေ၊ ပြည်တွင်း အတိုက်အခံပါတီတွေရဲ့ ဝေဖန်ထောက်ပြမှုတွေအကြားမှာသာ တစ်မျိုးမဟုတ်တစ်မျိုး ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နေရဆဲဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆိုတဲ့ ပါတီမူဝါဒတွေကိုလည်း အကောင်အထည် မဖော်နိုင်သလို ဖြစ်နေတဲ့အချိန်လို့ ပြောလို့ ရနိုင်ပါတယ်။
23-Jun-2018 tagged as မြန်မာအစိုးရ
တိုင်းပြည် ဆင်းရဲတွင်း နက်နေသမျှ၊ ပြည်တွင်းစစ်မီး လောင်နေသမျှ၊ လူတစ်စု၊ တစ်ဖွဲ့လက်ထဲမှာပဲ နိုင်ငံရဲ့ အာဏာ၊ ဩဇာနဲ့ ဥစ္စာဓနရှိနေသမျှ၊ ဥပဒေအောက်မှာ နိုင်ငံသားတိုင်း တစ်ပြေးညီမဖြစ်သေးသမျှ ကျွန်တော်တို့ အချင်းချင်းအကြား ယုံကြည်မှုတွေ ကျပြီးရင်း ကျနေမှာပဲ။
လက်ရှိအစိုးရသက်တမ်း ၂ နှစ်ကျော်အတွင်း စီးပွားရေးဆိုင်ရာ ပြစ်မှု ၉၀ ကျော်ကို အခွန်စည်းကြပ်ရန် စာရင်းပေးပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို နေရပ်စွန့်ခွာသွားစေရန် လိင်အကြမ်းဖက်သည့် နည်းဗျူဟာကို အသုံးပြုနေသည်ဆိုသော စွပ်စွဲချက်ကို မြန်မာအစိုးရ ကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင် ပြင်းထန်စွာပယ်ချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။