News

POST TAGGED AS

မြန်မာသံရုံး

သက်တမ်းတိုးရန် အခက်ခဲ့ကြောင့် VP ပတ်စ်ပို့ဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်မပြု
အရန်ကုန်၊အောက်တိုဘာလ ၂၇

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေများအနေနှင့် မြန်မာသံရုံး၌ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်) သက်တမ်း တိုးရာတွင် Passport Visit  ပတ်စ်ပို့ ကိုင်ဆောင်သူများအတွက် အဆင့်ဆင့် ထောက်ခံချက်များရယူရ၍ အခက်ခဲများ ရှိခြင်းကြောင့် ၂၀၁၇ခုနှစ်၊ဇန်န၀ါရီလ ၁ရက်မှစပြီး VP ပတ်စ်ပိုဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်မပြုကြောင်း မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF ထံမှ သိရသည်။

“ပွဲစားတွေနဲ့ပေါင်းပြီး အလုပ်သမားတွေက VP နဲ့ထွက်တယ်။ဟိုရောက်မှ အလည်မဟုတ်ဘဲ အလုပ်လုပ်ကိုင် နေတာတွေရှိတယ်။လူကုန်ကူးမှုတွေ ဖြစ်လာနိုင် တယ်။သံရုံးမှာသက်တမ်းတိုးတဲ့အခါလည်း ထောက်ခံချက် အဆင့်ဆင့်ယူရတော့ အခက်ခဲတွေရှိတယ်။လူကုန်ကူးမှု မဖြစ်အောင် တားဆီးတဲ့သဘောပါ” ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF ဥက္ကဌ ဦးမင်းလှိုင်က ဆိုသည်။

VP-Passport Visit  ပတ်စ်ပို့ဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနေနှင့် လေဘာကတ်ပြသ နိုင်ရမည်ဖြစ်ကြောင်း၊ပြည်ပသို့ အလုပ်လုပ်ကိုင်မည်ဆိုပါက PJ -Job Passport ကိုသာ ကိုင်ဆောင်သွားသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ပွဲစားတွေနဲ့သွားတာကို ဂရုစိုက်သင့်ပါတယ်။တကယ်တော့ အလုပ်သမားကိုယ်တိုင်က အလုပ်လုပ်မယ်ဆိုရင် သတ်မှတ်တဲ့ပတ်စ်ပို့နဲ့သွားဖို့ကို လိုက်နာသင့်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံများသို့ တရားဝင်သွားရောက်မည့်အလုပ်သမားအသစ်များမှာ၂၀၁၇ ခုနှစ်၊ဇန်န၀ါရီလ ၁ ရက်မှစတင် ကာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးသည့်နိုင်ငံကူးလက်မှတ် အမျိုးအစားများအနက်မှ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့်သာ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ပြီး အလည်အပတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သည့်မြန်မာအလုပ်သမားများ စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနထံမှ သိရသည်။

ပြည်ပနိုင်ငံများသို့ PJ  ပတ်စ်ပို့ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်တွင် အလုပ်သမားသစ်များအတွက် တစ်ဆင့်ခံပွဲစားများ၏ လိမ်လည်လှည့်ဖြားမှု အန္တရာယ်မှ ကင်းဝေးစေရေး၊ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၏ စာရင်းနှင့် သတင်းအချက်အလက်များ ရရှိနိုင်ရေး၊ကာ ကွယ်စောင့် ရှောက်နိုင်မှုများ ပေးနိုင်ရေးနှင့်ပြည်ပနိုင်ငံများရှိ ပြဋ္ဌာန်းထားသည့်ဥပဒေနှင့်အညီ အလုပ်သမား အခွင့်အရေးများ ရရှိနိုင်ရေးတို့ကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

အလုပ်ခေါ်စာ(Demand Letter) ရရှိထားသည့် နှစ်နိုင်ငံ အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များကြောင့် သတ်မှတ်ချိန်အတွင်း စေလွှတ်နိုင်ခြင်း မရှိသေးသူများအတွက် ၂၀၁၇ခုနှစ်၊ဇွန် ၁ ရက်အထိ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်များ ပြုလုပ်ကာ ခွင့်ပြု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးဌာနထံမှ သိရသည်။

“VP ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေကို အလုပ်ရှားပေးတဲ့အေးဂျင်တွေရဲ့ ထောက်ခံချက်ကိုယူပြီး လေဘာကတ် လုပ်ရမှာဖြစ်တယ်။ အေးဂျင့်တွေကလည်း လွဲမှားမှုမရှိအောင်၊ အလုပ်သမားတွေ အခက်ခဲမရှိအောင် ဆောင်ရွက်ပေးနေတယ်” ဟု ဦးမင်းလှိုင်က ဆိုသည်။

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး အလည်အပတ် (VP) အမျိုးအစား နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားသူများသည် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည်ရောက်ရှိသည့်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အလုပ်အကိုင် (PJ) နိုင်ငံကူးလက်မှတ် တင်ပြနိုင်မှု မရှိခြင်းနှင့် အလုပ်သမားကတ်ကို တင်ပြနိုင်ခြင်း မရှိသည့်အတွက် ပြည်ပသို့ ထွက်ခွာရန် အခက်အခဲများ ကြုံတွေ့နေရပြီး စင်ကာပူမြို့ရှိ မြန်မာသံရုံးသို့ လာရောက် ဆန္ဒပြသူများရှိခဲ့သည်။

မြန်မာသံရုံးအနေနှင့် လက်ရှိအခက်ခဲများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများထံ ဆက်သွယ်ဆောင်ရွက်နေပြီး ယခင်ကတည်းက ရောက်ရှိနေသူများ PV  ပတ်စပို့ကိုင်ဆောင်ထားသူများနှင့်ပြန်လာသူများအနေနှင့် လုံးဝအကျုံး ၀င် ခြင်း မရှိတော့သည်ကို စင်ကာပူရောက် မြန်မာများ သိရှိအောင် အတည်ပြုပေးနေကြောင်း မြန်မာသံရုံးထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်အမျိုးအစားများအနက် PV မှာ ပြည်ပသို့ ခရီးတိုများသွားလာခြင်း၊ဏဲ မှာ ပြည်ပတွင် တရား ၀င်အလုပ်လုပ်ကိုင်ခြင်း၊PE  မှာ ပြည်ပတွင် ပညာသင်ကြားခြင်း၊PT မှာ ပြည်ပတွင် အလုပ်လုပ်နေသည့် ခင်ပွန်း။ ဇနီးနှင့် လိုက်ပါနေထိုင်ခြင်း စသည့်အမျိုးအစားများဖြစ်သည်။

“အလုပ်ကရ၊မရ မသေချာတာကြောင့် PV နဲ့ ထွက်ကြတာပါ။အခုလက်ရှိမှာလည်း PV နဲ့ ပြည်ပထွက်နေတဲ့သူတွေ ရှိနေသေးပါတယ်”ဟု စင်ကာပူနိုင်ငံသို့ သွားရောက်အလုပ်ရှာမည့် မြန်မာအမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အနေနှင့် အောက်တိုဘာလ ၁၁ရက်က ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင့်စီများကို အလုပ်သမား စေလွှတ် ရာတွင် Job Passport  ဖြင့်သာ စေလွှတ်ရန်၊အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် အလုပ်သမားများ အဆင်ပြေရေးကို ကူညီဆောင်ရွက်ပေးရန် အသိပေး အကြောင်းကြားစာ ထုတ်ပြန်ထားသည်။

လက်ရှိ ပြည်ပထွက်ခွာရန် အခက်ခဲများရှိပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ရွှေ့ပြောင်းအလုပ်သမားဌာန ဖုန်း- ၀၆၇-၄၃၀၁၈၆၊၄၃၀၁၈၃နှင့် [email protected]  သို့ ဆက်သွယ်အကူညီတောင်းခံနိုင်သည်။




FOLLOW US