News

POST TAGGED AS

မြစ်ကြီးနား

23-Jan-2018 tagged as မြစ်ကြီးနား KBZ
မြစ်ကြီးနားဈေးကြီး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့ ယနေ့ (ဇန်နဝါရီ ၂၃ ရက်) ဘဏ်ပိတ်ချိန်နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်ခန့်က လူ (၄) ဦး ရုတ်တရက် ဝင်ရောက်လာပြီး အသင့်ယူဆောင်လာသော လက်နက်များဖြင့် ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ် သိန်း ၉၂၀ ကျော်ကို လုယူထွက်ပြေးသွားကြောင်း ယင်းဘဏ်က ထုတ်ပြန်သည်။
မြစ်ကြီးနားမြို့နယ်၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် (SEA) နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ Palm Spring ဟိုတယ်တွင် ဇန်နဝါရီလ ၅ ရက်နေ့က ပြုလုပ်စဉ် မြစ်ဆုံဒေသခံများက ဟိုတယ်ရှေ့၌ စုရုံးကာ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းပေးရေး တောင်းဆိုခဲ့ကြသည်။
ဖားကန့်ဒေသ ကျောက်စိမ်းရတနာ နယ်မြေအတွင်းသို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးသုံးဦးသည် ယခုလဆန်းပိုင်းက သွားရောက်စစ်ဆေးခဲ့သော်လည်း ယင်းခရီးစဉ်ပြီးဆုံးပြီးနောက်ပိုင်းတွင် လုပ်ကွက်များ၌ ပြောင်းလဲမှုတစ်စုံတစ်ရာမျှ မရှိသေးကြောင်း ယင်းဒေသခံများက ဝေဖန်ပြောကြားသည်။
30-Dec-2017 tagged as မြစ်ကြီးနား KIA
ကချင်ပြည်နယ်၊ တနိုင်းဒေသအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ (ကေအိုင်အေ) တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တနိုင်းဒေသရှိ ပယင်းမှော်နှင့် ရွှေမှော်လုပ်ကွက်များတွင် လုပ်ကိုင်နေသည့် ဒေသခံလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေပြီး အိမ်အပြန် အခက်အခဲဖြစ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းကိစ္စများ အသံကျယ်လောင်လာသည့် မြစ်ကြီးနားတက္ကသိုလ်ကို ပြည်နယ်အစိုးရ၏ စီမံချက်အရ ဒီဇင်ဘာ ၂၀ ရက်ကစ၍ မူးယစ်ဆေးဝါး ကင်းစင်ဇုန်အဖြစ် သတ်မှတ်ကာ စစ်ဆေးမှုများ နေ့စဉ် လုပ်ဆောင်နေကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေထိုင်ရာ စစ်ရှောင်စခန်းများတွင် သုံး​ရေအတွက်​ ​ရေသိုလှောင်​ရန် ကန်မရှိသည့်အတွက် အခက်အခဲရှိကြောင်း ယင်းစခန်း​နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်​။
02-Dec-2017 tagged as မြစ်ကြီးနား
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်များ အနေနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် နည်းဥပဒေ (၈)ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက စိစစ်ကာ အရေးယူသွား မည်ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦး H လအောင်က ပြောကြားသည်။
22-Nov-2017 tagged as မြစ်ကြီးနား
ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု တာမခံ ကျေးရွာဒေသ၌ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေသည့် မြေတူးစက် ၅၃ စီးနှင့် မြေသယ်ယာဉ်အချို့ ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။
မြစ်ကြီးနားမြို့ အေးစေတီရပ်၊ တောင်သူကြီးလမ်းတွင် အောက်တိုဘာလ ၁၃ ရက် ညနေပိုင်းက နေအိမ်တွင်ရှိနေစဉ် သားအမိနှစ်ဦး ဓားဖြင့် အချက်များစွာ ထိုးသတ်ခံရကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းထံမှ သိရှိရသည်။