News

POST TAGGED AS

မြစ်ကြီးနား

မြစ်ကြီးနားမြို့ မြို့မရပ်ရတနာလမ်းရှိ ကျော်မြန်မာရွှေဆိုင်ကို ယနေ့(ဧပြီလ ၁ ရက်) နံနက် ၉နာရီခန့်တွင် အမည်မသိလူနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးခဲ့ကြောင်း မြို့မရပ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။
31-Mar-2018 tagged as မြစ်ကြီးနား
တရုတ်နယ်စပ်ရဲများက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ဆီးစစ်၍ ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် ငွေဖြင့်ရွေးယူစေခြင်းကို ပြည်နယ်အစိုးရက တရုတ်အစိုးရအား ဆွေးနွေး၍ ကာကွယ်ပေးရေးအဆိုကို ကချင်ပြည်နယ် လွှတ်တော်က မတ်လ ၃၀ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရင်ဆိုင်နေရသည့် ဖားကန့်​ဒေသတွင် သဘာဝ ပတ်ဝန်းကျင်​ ထိန်း​သိမ်း​ရေးနှင့် ​ရေအရင်းအမြစ်​ ကောင်းမွန်​​စေရေးအတွက်​ ရည်ရွယ် စိုက်ပျိုးခဲ့သည့် သစ်​ပင်​​ပေါင်းငါးသောင်း ကျော်အနက် လက်ရှိနှစ်သောင်းကျော် ရှင်သန်ခဲ့ကြောင်း ဖားကန့်ဒေသအ​ခြေစိုက်​ Green Land သဘာဝ ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးအဖွဲ့ထံမှ သိရသည်​။
တစ်လကျော်ကြာ လမ်းပိုင်းသွား လာဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာ ယခုအခါ ပြန်လည်သွားလာ၍ ရနေပြီဖြစ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။
မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးကို မြစ်ကြီးနားမြို့ စုပေါင်းရုံး၌ မတ်လ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ယင်းအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံကိုယ်စားလှယ်များအပါအဝင် ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းသည် ဒေသခံတိုင်းရင်းသားများအတွက် အကျိုးဖြစ်ထွန်းရန် နည်းပါးသည်ဟုဆိုကာ မြစ်ကြီးနားအပါအဝင် မြို့သုံးမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ လူထုဆန္ဒထုတ်ဖော်ပွဲကို တစ်ပြိုင်နက်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် နယ်မြေလုံခြုံရေးအခြေအနေအရ လုံခြုံမှုမရှိသည့်အတွက် မြစ်ကြီးနားနှင့် ပူတာအိုလမ်းပိုင်းတွင် တည်ဆောက်မှုလုပ်ငန်းများကို ရပ်နားထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ချစ်သူများနေ့အဖြစ် သတ်မှတ်ထားသည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်း လုံခြုံရေးတိုးမြှင့်၍ မှုခင်းဖြစ်ပွားမှု ကျဆင်းရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး လမ်းတံတားများ ဖျက်ဆီးခံရမှုများကြောင့် ဆန်နှင့် စက်သုံးဆီဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်း လေးဆခန့်တက်နေသဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဒေသခံတစ်ထောင်ခန့်က ဆန္ဒပြမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် KBZ မီနီဘဏ်လုယက်မှုနှင့်ပတ်သက်၍ မသင်္ကာသူ အမျိုးသားသုံးဦးကို ရမန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းထံမှ သိရသည်။