News

POST TAGGED AS

မြစ်ရေ

ဓနုဖြူနှင့် ညောင်တုန်းတွင် မြစ်ရေတိုက်စားသဖြင့် နေအိမ် ၅ လုံး ပြောင်းရွှေ့
ပုသိမ်၊ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်း ဓနုဖြူနှင့် ညောင်တုန်းမြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်က မြစ်ရေတိုက်စားသဖြင့် အိမ် ၅ လုံးကို ဖျက်သိမ်းကာ ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်ရေတိုက်စားသဖြင့် ဓနုဖြူမြို့နယ် ရေလဲကြီးကျေးရွာ၌ ကမ်းပါးပြိုမှုကြောင့် အိမ် ၂ လုံး ဖျက်သိမ်းရွှေ့ပြောင်းကာ လူဦးရေ ၁၄ ဦးမှာ ကျေးရွာရှိ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်ရကြောင်း၊ အလားတူ တိုးမြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာ၌ မြစ်ကမ်းပါးပြိုကျရာမှ လူဦးရေ ၁၃ ဦးမှာ ကျေးရွာရှိဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ယင်းမြို့နယ်များ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပြောကြားသည်။ 

“ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေအတွက် လက်ရှိအကူအညီတွေပေးထားတဲ့အပြင် ကယ်ဆယ်ရေးဌာနကိုလည်း သတင်းပို့ထားတာကြောင့် ကူညီထောက်ပံ့မှုတွေ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထောက်ပံ့မယ်လို့ သိရပါတယ်”ဟု ဓနုဖြူမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

R-12



FOLLOW US