News

POST TAGGED AS

မြစ်ကမ်းပြိုကျ

မန္တလေးတိုင်းရှိ ကျေးရွာ ၁၅ ရွာအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက်အရ ငွေကျပ် ငါးဘီလီယံ တင်ပြတောင်းခံထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး) ထံမှ သိရသည်။
ပဲခူးတိုင်း သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်ကမ်းပါး ပြိုကျပျက်စီးမှုကြောင့် ရွှေ့ပြောင်း နေထိုင်နေရသူများကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းညှိနှိုင်းပြီး မြေနေရာချထားပေးရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကန်တော်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းပါးနှင့် နီးကပ်နေသည့် လူနေအိမ်ခြေ အလုံး ၃၀ ခန့်သည် မတ်လ တတိယပတ်ခန့်မှစတင်ပြီး မြစ်ကမ်းပါးပြိုကျမှုများကြောင့် အရေးပေါ်ပြောင်းရွှေ့မှုများ ပြုလုပ်နေကြရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဖောင်းကူးကျေးရွာနှင့် ကျီကုန်းကျေးရွာအကြားရှိ မြစ်သာမြစ်ကမ်းပါး မြေထိန်းနံရံလုပ်ငန်းခွင် အပေါ်ဘက်ရှိ မြေကမ်းပါး မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပြိုကျခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။