News

POST TAGGED AS

မြင်းခြံ

မြင်းခြံမြို့ အမှတ် ၁ ရပ်ကွက်ရှိ ဦးတင်ဝမ်းဆေးဆိုင်တွင် သက်တမ်းလွန်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆေးဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း မြင်းခြံမြို့မရဲစခန်းထံမှ သိရသည်။
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း သံခေတ်ကသင်္ချိုင်းဟောင်းဟု ယူဆရသည့် အထောက်အထားများ တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ငွေ့တာဘိုင်များဖြင့် လည်ပတ်နေသော မြင်းခြံဓာတ်အားခွဲစက်ရုံမှ ဒုတိယအဆင့်အနေနှင့် ၈၀ မဂ္ဂါဝပ်ကျော်ကို ဧပြီလကုန်တွင် စထုတ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်ထံမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် Sembcorp ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော မြင်းခြံ Gas Turbine နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံကို ဇန်နဝါရီလဆန်းပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်ရာ မဟာဓာတ်အားလိုင်းသို့ ၁၅၀ မဂ္ဂါဝပ်ခန့် ပေးပို့နိုင်မည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ပြောကြားသည်။
ဆင်းရဲသားပပျောက်ရေး ပရဟိတအသင်းဟု အမည်ခံထားသည့်အသင်းကို ဆက်လက် လုပ်ကိုင်ခြင်းမပြုရန် မြင်းခြံ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနက တားမြစ်ထားကြောင်း ယင်းမြို့နယ် လွှတ်တော်ကိုယ်စားများထံမှ သိရသည်။