News

POST TAGGED AS

ပြဿနာ

တောင်ကုတ်မြို့တွင် ရခိုင်လူငယ်ညီလာခံ ကျင်းပ
စစ်တွေ၊ မေ ၁

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ရှိ ကံပိုင်ဘုန်းကြီးကျောင်းတွင် မေလ ၁ ရက်က ရခိုင်လူငယ်ညီလာခံကို ပထမဆုံးအကြိမ်ကျင်းပရာ လူငယ်ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့သည်။ 

အဆိုပါ ညီလာခံတွင် လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါးစသည်တို့ကို မေလ ၁ ရက်မှ ၅ ရက်အထိ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။

လွတ်လပ်အားကောင်းသော ရခိုင်လူငယ်အဖွဲ့ ခိုင်မာစွာ ပေါ်ထွက်လာစေရန်ဖြစ်ပြီး လူငယ်များ စွမ်းရည်မြင့်မားလာကာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်လာနိုင်စေရန်၊ ကြုံလာမည့် ပြဿနာများကို ပူးပေါင်းဖြေရှင်းနိုင်ရန်နှင့် ပြည်နယ်အရေးကို ထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် ညီလာခံကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီအဖွဲ့ဝင် ကိုမျိုးဆန်းအောင်က ပြောသည်။

“မျိုးနွယ်စု တိုင်းရင်းသားတွေရဲ့အရေး၊ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်တယ်။ အခုလည်း မျိုးနွယ်စုတွေရဲ့ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးမယ်လို့ တက်ရောက်လာတာဖြစ်တယ်” ဟု သက်တိုင်းရင်းသားလူငယ် ကိုယ်စားလှယ်ကိုကျော်အေးသန်းက ဆိုသည်။

အဆိုပါညီလာခံတွင် ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့နှင့် အခြားသောဒေသများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများလည်း တက်ရောက်ကြကြောင်း၊ ညီလာခံဖြစ်မြောက်လာရေးအတွက် ၂ နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့ရကြောင်း ကျင်းပရေးကော်မတီအဖွဲ့ဝင် ကိုမျိုးဆန်းအောင်က ပြောသည်။ 

R-22



FOLLOW US