News

POST TAGGED AS

ပြပွဲ

နိုင်ငံတကာ ကျောက်မျက်ပြပွဲတစ်ခုကို မန္တလေးမြို့တော်၌ ၂၀၁၉ ခုနှစ်အတွင်း ကျင်းပနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။
ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ (မြို့တော်ခန်းမ) ကရင်ရိုးရာအစား အစာပြပွဲနှင့် တာလပေါ ဟင်းချက်ပြိုင်ပွဲကို ဇူလိုင် ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကရင်) ထံမှ သိရသည်။
နေပြည်တော်၌ ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ရောင်းအားကောင်းသော်လည်း ယခင်ပြပွဲများနှင့်နှိုင်းယှဉ်ပါက ဈေးအရနည်းကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
04-May-2018 tagged as ရန်ကုန် ပြပွဲ
ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများအတွက် နိုင်ငံတကာအစားအသောက်နှင့် ဧည့်ခံကြိုဆိုမှုဆိုင်ရာပြပွဲတွင် ဂျာမနီ၊ ကိုရီးယား၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ရှိ ကုမ္ပဏီများ ပါဝင်ခင်းကျင်းပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဇွန်လတွင် နေပြည်တော်၌ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်အတွဲပေါင်း ရှစ်ထောင်နီးပါး ပြသရောင်းချရန် လျာထားကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ဂျာမနီနိုင်ငံ ဘာလင်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၁၀,၀၀၀ ခန့် ပါဝင်တက်ရောက်ကြသော ခရီးသွားလုပ်ငန်းပြပွဲကို ဖွင့်လှစ်လိုက်ပြီး ခရီးသွားလာခွင့်ပိတ်ပင်မှုများ၊ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုများ၊ နိုင်ငံရေး မငြိမ်သက်မှုများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် အားလပ်ရက်ခရီးသွားလုပ်ငန်း စီစဉ်သူများကို မဟန့်တားနိုင်ခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။