News

POST TAGGED AS

ပြည်

08-Jul-2017

ပဲခူး ပြည်
ပန်းတောင်းမြို့တွင် ဝါဆိုလပြည့်နေ့ ဘုရားဖူးခရီးသည် များပြားသဖြင့် လမ်းများပိတ်

ပြည်၊ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့နှင့် ပန်းတောင်းမြို့နယ်ရှိ တန်ခိုးကြီးဘုရားများသို့ ယနေ့ (ဇူလိုင်လ ၈ ရက်) ဝါဆိုလပြည့်နေ့က  ဘုရားဖူးခရီးသည် များပြားသဖြင့်  လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရကြောင်း ဘုရားဖူးခရီးသည် ယာဉ်လိုင်းများထံမှ သိရသည်။ 

ပြည်မြို့ရှိ ရွှေဆံတော်ဘုရား၊ မြင်ဗာဟုဘုရား၊ နိဗ္ဗိန္ဒတောရကျောင်းများနှင့် ပန်းတောင်မြို့နယ်ရှိ ရွှေဘုံသာမုနိ၊ မဟာပဏီတ ပရဟိတ အောင်တော်မူ စေတီတော်မြတ်ကြီး (ကျော်သူဘုရား) အစရှိသည့် ဘုရားများတွင် ဘုရားဖူးလာရောက်သူ များပြားခဲ့သည်။ 

“လမ်းကကျဉ်းတာရယ် အဝင် အထွက် ကားတွေအပြင် ဆိုင်ကယ်တွေနဲ့ဆိုတော့ လမ်းက တိုးမရတော့ဘူး။ တစ်နေကုန်တောင် တံတားထိ ရောက်ပါ့မလား မသိဘူး”ဟု ဘုရားဖူးကား အငှားလိုက်လာသူ ဦးမြင့်ဝင်းက ပြောသည်။ 

ပြည်အနောက်ဖက်ကမ်းရှိ မဟာပဏီတ ပရဟိတ စေတီတော်မြတ်ကြီးမှနေ၍ သုံးမိုင်ခန့်အကွာ နဝဒေး တံတားနားအထိ ဘုရားဖူးယာဉ်များ၊ အပြန်ယာဉ်များဖြင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

M-06



FOLLOW US