News

POST TAGGED AS

ပြည်

09-May-2017

ပြည်
ပြည်မြို့နယ်ရှိ သိမ်းဆည်းမြေ ဧကနှစ်ထောင်ကျော်ကို တောင်သူထံ ပြန်အပ်ပြီးဟုဆို
ပြည်၊ မေ ၉

ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နယ်ရှိ  သိမ်းဆည်းမြေများကို အစိုးရသစ်သက် တမ်းတစ်နှစ်ကျော် ကာလအတွင်း ဧက ၂၀ဝ၀ ကျော် တောင်သူများထံ ပြန်လည် ပေးအပ်ပြီးခဲ့ကြောင်း ယင်းမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောကြားသည်။
 
ပြည်မြို့နယ်အတွင်းရှိ ရွှေတံခါး လေယာဉ်ကွင်း (ထွေအုပ်မှ သိမ်းဆည်းမြေ)နှင့် မြောက်နဝင်းဆည် သစ်တောပယ် ဖျက်မြေတို့ကို ၂၀၁၆ ခုနှစ်က စွန့်လွှတ်ပေးခဲ့ပြီး တောင်သူများ စိုက်ပျိုး လုပ်ကိုင်နေကြောင်း၊ မြေယာများကို ပြန်လည် စွန့်လွှတ်ပေးနိုင်ရေးအတွက် စိစစ်ရာ၌ ကျေးရွာအဆင့်တွင် ခိုင်လုံသော အထောက်အထား ရရှိရန် အခက်အခဲရှိပြီး စိစစ်ရာတွင် ရက် ၃၀ ထက် ပိုမကြာကြောင်း အဆိုပါ ကော်မတီထံမှ စုံစမ်း သိရှိရသည်။

“ပြည်သူကို ပြန်ပေးတယ် ဆိုပေမယ့် အခုထိ တောင်သူတွေ လက်ထဲ မရောက်သေးတာ အများကြီးပဲ၊ ထွန်တုံးတိုက်ပွဲပြီး တရားဝင် မဟုတ်ပေမယ့် တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်လို့ ရနေတာပဲရှိတယ်”ဟု ပြည်ထောင်စု တိုင်းရင်းသား တောင်သူ လယ်သမားသမဂ္ဂ အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးကျော်ဆွေက ပြောဆိုသည်။

လတ်တလောတွင် ပြန်လည် စွန့်လွှတ်ရန် စိစစ်ဆဲ မြေယာ ဧကတစ်ထောင်ကျော် ရှိပြီး ရှမ်းကုန်းကျေးရွာတွင် ၁၅၅ ဧက၊ နဝဒေး သကြားစက်တွင် ၂၀ဝ ဧကခန့်၊ လေးထပ်ပြင်ကွင်းတွင် ၃၅၈ ဒသမ ၃၈ ဧက၊ တီတွတ် (ဂေါက်ကွင်း) ၇၂ ဧက၊ ဆည်မြောင်းစက်မှု ၃ တွင် ၅ ဧကခန့်၊ ရဲတပ်ရင်း ၁၀ တွင် ၁၉၂ ဧကထဲမှ ပိုလျှံမြေများ စသည်တို့ စိစစ်နေကြောင်း ပြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။ 

ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်မြို့နယ်အတွင်း သိမ်းဆည်းမြေများထဲမှဧက ၁၄၀ဝ ကျော် စွန့်လွှတ်ခဲ့ပြီး လက်ရှိ စွန့်လွှတ်ပြီးမြေများမှာ စစ်တပ်၊ အထွေထွေ အုပ်ချုပ်ရေးနှင့် သစ်တော ဦးစီးဌာနမှ စွန့်လွှတ်မြေများ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

  • VIA


FOLLOW US