POST TAGGED AS

ပြည်

11-Feb-2017

ပြည်
ပြည်မြို့တွင် ဉာဏ်ရိုးပူဇော်ပွဲနှင့် ထမနဲပွဲတော် ကျင်းပ
ပြည်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့နယ်တွင် ဒေသတွင်း ပွဲတော်တစ်ခု ဖြစ်သည့် ဉာဏ်ရိုးပူဇော်ပွဲနှင့် ထမနဲပွဲတော်ကို ယနေ့ (ဖေဖော်ဝါရီ ၁၁) နံနက် ၄ နာရီမှ စတင်ကာ ပြည်ရွှေဆံတော် ဘုရားကြီး၌ ကျင်းပခဲ့ကြောင်း ယင်းဘုရား ဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးငွေမောင်က ပြောကြားသည်။

ယင်းပွဲတော်ကို ပျုခေတ်မှ စတင်ကာ မြတ်စွာဘုရားရှင်၏ ခြေတော်လက်တော်အား မီးလှုံသည့် အယူအဆဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က ငွေကြေးတတ်နိုင်သူများက ဉာဏ်ရိုးသာမက ကရမက်၊ နံသာဖြူ အစရှိသည့် အမွှေးနံ့သာတုန်းများဖြင့် မီးပူဇော်ခဲ့ပြီး နောကိပိုင်းတွင် ဉာဏ်ကောင်းစေရန် အစွဲပြု၍ ဉာဏ်ရိုးဖြင့် ပူဇော်ခဲ့သည်မှာ ၉၄ ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းဂေါပကအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ဉာဏ်ရိုးပူဇော်ပွဲနှင့် ထမနဲပွဲတော်အား ရွှေဆံတော်ဘုရားမှ သီးသန့်လုံခြုံရေး ၂၀ ဦး ပြည်မြို့နယ်ရှိ ရဲစခန်းသုံးခုမှ လုံခြုံရေးများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -  အောင်ဖြိုး




FOLLOW US