News

POST TAGGED AS

ပြည်

10-Nov-2017

ပြည်
မှော်ဘီမြို့နယ်မှ ကားလုယူထွက်ပြေးလာသူများ ပြည်မြို့တွင်ဖမ်းမိ
ပြည်၊နိုဝင်ဘာ ၁၀

မှော်ဘီမြို့နယ် မှ တက္ကစီ သမားအားဓားထောက်ပြီး ကားလုယူထွက်ပြေးခဲ့သူများအား ကားနှင့် အတူ ပြည်မြို့အဝင် နဝဒေးတံတားနှင့် မီးချောင်းရဲလမ်းဆုံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မှော်ဘီမြို့မ ရဲစခန်းမှ (ပ)၁၃၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၂ဖြင့်အမှုဖွင့်ထားပြီး အကြောင်းကြားချက်အရ. CC/3330 Caldina အဖြူရောင်ကားအား ယနေ့နံနက် ၆နာရီခွဲခန့်က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

"KTV မှာပိုက်ဆံမရှင်းနိုင်လို့ထွက်ပြေးတယ်၊လမ်းမှာကြတော့ တက်စီတစ်စီးကို သူတို့စီးလာတဲ့ လိုင်းကားမှောက်လို့ ကိုယ်ဝန်ဆောင် ပါလာလို့ဆိုပြီး အကူအညီတောင်းပြီး ကားပေါ်ရောက်မှ အနောက်ခန်းကနေ ဓားထောက်ပြီး ကားကိုလုလာတာလို့သိရတယ်"ပြည်မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ လုယူလာသူ သုံးဦးအား ဖမ်းဆီးရမိပြီးနောက် သက်သေယာဉ်နှင့်အတူ ရန်ကုန်မြောက်ပိုင်းခရိုင် မှု/ကူဌာနမှ လာရောက်ခေါ်ဆောင်သည့်အတွက် လွှဲပြောင်းထားကြောင်း၎င်းကဆက်ပြောသည်။

အဆိုပါ သက်သေခံကားနှင့် ဖမ်းဆီးရမိသူ အသက် ၂၀ နှင့် ၂၂ အရွယ် အသီးသီးရှိကြကြောင်း၊ အမျိုးသား သုံးဦးတို့အား ပြည်မြို့မရဲခစန်းမှတစ်ဆင့် ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးမှုများ ပြုလုပ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

M-06

  • VIA


FOLLOW US