News

POST TAGGED AS

ပြည်

ရွှေဆံတော်ဘုရားပွဲကာလ လက်နက်ကိုင်ဆောင်မှု လေးမှုရှိ
ပြည်၊ နိုဝင်ဘာ ၂

ပြည်မြို့ ရွှေဆံတော်ဘုရားပွဲကာလ မြတ်စွယ်တော်ဖွင့်လှစ် ပူဇော်ခံသည့်နေ့မှစတင်၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကိုင်ဆောင်မှု လေးမှုရှိကြောင်း ပြည်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေဆံတော်ဘုရားပွဲအား အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့ ညနေတွင် မြတ်စွယ်တော် ဖွင့်လှစ်ပူဇော်ခံသည့်နေ့မှ စတင်ကာ လုံခြုံရေး အင်အားတိုးမြှင့်ချထားခဲ့ခြင်းဖြစ်ပြီး လေးရက်အတွင်း လက်နက်မှု လေးမှုကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

“လက်ရှိအထိတော့ အမှုကြီးတွေ ဓားထိုးမှု လုယက်မှုတို့တော့ မဖြစ်သေးဘူး။ မဖြစ်အောင်လည်း လက်နက်ရှာဖွေ သိမ်းဆည်းတာတွေ အရေးယူတာတွေ လုပ်နေတယ်”ဟု မြို့မရဲစခန်း ပွဲတော် လုံခြုံရေးရဲကင်းမှူး ရဲအုပ်ဇင်မင်းဦးက ပြောဆိုသည်။

ပွဲတော်လုံခြုံရေးကို အတွင်းစည်း၊ အပြင်စည်း ရဲကင်း ၁၃ ကင်း၊ အင်အား ၂၀ဝ နီးပါး၊ မီးသတ်အင်အား ၁၂၀ အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် လုံခြုံရေး ယူထားကြောင်း အဆိုပါရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US