News

POST TAGGED AS

ပြည်

28-Sep-2017

လူသတ်မှု ပြည်
ပြည်မြို့လူသတ်မှု ရက် ၂၀ ကျော်အကြာတွင် သံသယရှိသူ လာအဖမ်းခံ
ပြည်၊ စက်တင်ဘာ ၂၇ 

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ရွှေတံခါးရပ်ကွက်တွင် အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ရက် ၂၀ကျော်အကြာ စက်တင်ဘာလ ၂၆ ရက်တွင် သံသယရှိသူ လာရောက် အဖမ်းခံခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက မူလရွှေတံခါး ၃ လမ်း ၆ ကွက်တွင် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၂ ချက်၊ ဝဲနံ စောင်းထိုးသွင်း ဒဏ်ရာ ၂ ချက်၊ နောက် စေ့ပြတ်ရှဒဏ်ရာတစ်ချက် အပါအဝင် ဓားဒဏ်ရာ ၁၅ချက်ဖြင့် သေဆုံးနေသည် ကို  တွေ့ရကြောင်း၊ ယင်းအမှုနှင့် ပတ်သက် ၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထားရာ ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် ကျူးလွန်သူက လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၃) နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးကပြောသည်။

လာရောက် အဖမ်းခံသူမှာ ပြည်မြို့၊ ဥယျာဉ်စုရပ်ကွက်တွင်နေထိုင်သူ ကိုသက်နိုင်ဝင်း(ခ) ဘဲဥဖြစ်ကြောင်း၊ ဓားဖြင့်ထိုးသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အသေးစိတ် မေးမြန်းနေကြောင်း၊  ၎င်းကဆက် ပြောသည်။ 

M-06



FOLLOW US