News

POST TAGGED AS

ပြည်

04-Sep-2017

ပြည်
သခင်မြ ၁၂၀ နှစ်ပြည့်မွေးနေ့ ပထမဆုံးလုပ်မည်
ရန်ကုန်၊ စက်တင်ဘာ ၎

အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်သူ သခင်မြ၏ နှစ် ၁၂၀ ပြည့်မွေးနေ့ပွဲကို ပထမဆုံးအဖြစ် အလုံမြို့နယ်၊ သခင်မြ ပန်းခြံတွင် အောက်တိုဘာလ ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အလုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။

အဆိုပါအခမ်းအနားကို တို့ဗမာ အစည်းအရုံး မျိုးဆက်သစ်များက ဦးဆောင်ကာ သခင်မြပန်းခြံ၌ ပြုလုပ်မည်ဖြစ်ပြီး သခင်မြနှင့်ပတ်သက်သည့် သမိုင်းအကြောင်းအရာများ ဟောပြောခြင်းနှင့် အထိမ်းအမှတ် အခမ်းအနား အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခုလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က အခုခေတ်ကလေးတွေက တို့ဗမာ အစည်းအရုံးဆိုတာ ဘာလဲဆိုတာ မသိတော့ဘူး။ လွတ်လပ်ရေး ရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး သခင်မြရဲ့မွေးနေ့ကို ပြန်လည် ဖော်ထုတ်တဲ့အနေနဲ့ ခုလို ကျင်းပတာပါ။ အခုတက်လာတဲ့ မျိုးဆက်သစ်တွေလည်း သမိုင်းလည်း မမေ့ရအောင် ဆောင်ရွက်တဲ့ပွဲပါ”ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

သခင်မြကို ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက် ကြာသပတေးနေ့တွင် ပြည်ခရိုင် ထုံးဘိုမြို့တွင် မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်မြရွှေဖြစ်သည်။

သာယာဝတီ အေဘီအမ်ကျောင်းတွင် ၈ တန်းမှ ၁၀ တန်းအထိ တက်ရောက်ခဲ့ပြီး နောက် ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကာလကတ္တား ယူနီဗားစတီးမှ အိုင်အက်စီ ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

၁၉၃၆ ခုနှစ် ဇွန်လက မြင်းခြံမြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် တို့ဗမာ အစည်းအရုံး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တတ်ရောက်ခဲ့ကာ သခင်မြ ဖြစ်လာခဲ့ပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် အဘက်ဘက်မှ ကြိုးစားချိန် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည်။

J-10

  • VIA


FOLLOW US