News

POST TAGGED AS

ပြည်

24-Aug-2017

ပြည်
ပြည်တွင် ၁၃ နှစ်အရွယ် မိန်းကလေး ကြိုးဆွဲချ သေဆုံး
ပြည်၊ သြဂုတ် ၂၃

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ နယ်၊ ထန်းပေါက်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၂၂ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။

ယင်းနေ့ နေ့လယ်ပိုင်းက သတင်းအရ သွားရောက်စစ်ဆေးရာတွင် နေအိမ်အပေါ်ထပ် အိပ်ခန်းထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေခြင်း ဖြစ်ကြောင်း အမှတ် (၃) ရဲစခန်း မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

“စစ်ဆေးချက်အရကတော့ ကလေးမလေးမှာ ပြဿနာ ကြီးကြီးမားမား မရှိဘူးလို့တော့ သိရတယ်” ဟု ရဲအုပ်အောင်မြတ်ခိုင်က ဆိုသည်။ 

သေဆုံးသူ မိန်းကလေးသည် လေးတန်းအထိသာ ပညာသင်ကြားခဲ့ပြီး လက်ရှိတွင် ကျောင်းမနေတော့ကြောင်း၊ ၎င်းနေထိုင်ရာအိမ်တွင် မိဘနှစ်ဦး၊ ဦးလေးဖြစ်သူတို့နှင့် အတူနေထိုင်ကြောင်း ပြည်မြို့၊ အမှတ် (၃) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၃) ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၇) အရ အမှုဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်  မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ယင်းစခန်းမှ သိရသည်။  

M-06



FOLLOW US