News

POST TAGGED AS

ပြည်ထောင်စုငြိမ်းချမ်းရေး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာရေး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးရန် တိုက်တွန်းမည့် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက်ကြောင်း အဆိုရှင် နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက ပြောဆိုသည်
တကယ်တော့ ဒီငြိမ်းချမ်းရေး ညီလာခံကြီးကို တက်လာတဲ့ တိုင်းရင်းသားတွေဆိုတာ အရင်က သူတို့ ရင်ထဲက အသံကို တိုင်းပြည်က သိအောင်၊ ကမ္ဘာက သိအောင် ပြောခွင့်၊ ဆိုခွင့် မရခဲ့ဘူး။ အခုလို ညီလာခံ ကျင်းပပြီး သူတို့ တစ်တွေကို တင်ပြ ပြောဆိုခွင့်ပြုလို့သာ သူတို့ ခံစားချက်၊ အမြင်တွေကို ထုတ်ဖော်ခွင့် ရကြတာ
၂၁ ရာစု ပင်လုံညီလာခံ - ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခါနီး အချိန်တွင် ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) က တောင်းဆိုလိုက်သည်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်သော အကြောင်းအရာများဖြစ်သည့် မြေယာပြဿနာများ၊ လူ့အခွင့်အရေး စသည့် အကြောင်းအရာများကို အထူးပြု ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများအား ကိုယ်စားလှယ်ဦးရေ အချိုးအစား ပိုမိုကာ ပါဝင်စေသင့်ပါသည်