News

POST TAGGED AS

ပြည်ထောင်စုလွှတ်တော်

ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံက ထုံးစံတစ်ရပ်လို ဖြစ်နေပြီး အခြားပါတီတစ်ခုခုက ဖြစ်ဖြစ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်ပါတီဘက်ကဖြစ်ဖြစ် တစ်ခုခုကို ကန့်ကွက်ဆွေးနွေးလို့ မဲပေးခဲ့ရင်တော့ ဆွေးနွေးတဲ့ အကြောင်းအရာကို မကြည့်တော့ဘဲ နိုင်ငံရေးဘက်ကိုသာ ကြည့်ပြီး ပါတီချင်း အားပြိုင်တဲ့ဘက်ကို ရောက်ရှိသွားနေကြတာ အင်မတန် စိတ်ပျက်ဖွယ်ရာ ကောင်းလှတဲ့အချက်ပါ။
ချမ်းမြသာစည် မြို့နယ်အတွင်း အငြင်းပွားမြေ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ အယူခံတင်ထားစဉ် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးခရိုင်တရားရုံးက မြေအပ်ဝရမ်း ထုတ်ကာ နေထိုင်သူများကို အင်အားသုံး ဖယ်ရှားခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင် ပြောင်းလဲပေးခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနပြုရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူများက နိုဝင်ဘာလ ၂၃ ရက်က ပြောကြားလိုက်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ ကော်မတီဝင် ဦးဉာဏ်ဝင်းဦးဆောင်သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ စတင်ဖွဲ့စည်းလိုက်ပြီး၊ ဆင်းရဲနွမ်းပါးပြီး ဥပဒေဆိုင်ရာ အခွင့်အရေး မရသူများကို အဓိက ကူညီမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာရေး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးရန် တိုက်တွန်းမည့် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက်ကြောင်း အဆိုရှင် နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက ပြောဆိုသည်